Wednesday, October 30, 2013

ကျောက်စိမ်းတွေကိစ္စ

ဟို …ကျောက်စိမ်းတွေ ကိစ္စ……. ဟင့် အင်း…. အာ့ ဒါတွေက …..ကေအိုင်အေ နဲ့ မဆိုင်ဘူးလေ….. အဲ ကျောက်တွေ က …. ဟိုး ဒူဝါကြီးတွေ လက်ထက် ကတည်းက တူးသွားတာ…. လနန် မမွေးခင် ကတည်းက…. ကြာလှပြီ….. ရထားတွေ ကို မိုင်းထောင်တယ် ပြောတယ်…. ဘယ်ကလာ…. အဲဒါ..စစ်တပ်က သူ့ ဖာသာ ထောင်ပြီး …. သူ့ ဖာသာ သူ ပြန် ခွဲ တာ… လနန် ဖြင့် သိတောင် မ သိလိုက်ဘူး….. ဘိန်းခင်းတွေ က ရော..….. ဟမ်……. လနန် တို့ က မုန်ညင်းပဲ စိုက်တာ…. ဘိန်းက သူ့ ဖာသာ အလေ့ကျ ပေါက်လာတာ….. လနန် ဖြင့် ဘိန်းဆိုတာ မြင်တောင် မမြင်ဖူးဘူး...အဟုတ်.... အရာရှိလေးကို ခေါင်းဖြတ်တာက ….. အာ…မဟုတ် တရုတ်…. အဲ ကောင်လေးက သူ့ ဖာသာ … သူ့ ခေါင်း သူ ပြန်ဖြတ်တာ… ပြီးမှ ဗိုက်ထဲ ပြန်ထည့်ပြီး…. စစ်တပ် က မလာခင် …. သူ့ ဖာသာ ကျင်းထဲ ဆင်းအိပ်နေတာ…. လနန် ဖြင့် သူ့ လုပ်ရပ်ကို အံသြလွန်းလို့  တကယ်.... တကယ်.….. အခု မန်စီ မှာ သစ်တွေ အများကြီး မိတယ်ဆို…… အာ လူး ….. အဲ ဒါတွေက ကြာလှပြီ…. အဲ ဒါ ဘုံဘေဘားမား ကုမ္ပဏီ က ခုတ်သွားတာ…. သစ်ကားတွေ ကလဲ ဘုံဘေဘားမား က ကားတွေ...... သူတို့ မြန်မာပြည်က ပြန်ခါနီး စစ်ရောင်သုတ်သွားတာ..... လနန် တို့ ကို စွပ်စွဲရက်တာ အံ့ ရော..အံ့ ရော….. ခင်ဗျား သမီး က ကျုပ် နဲ့ ရော ရှင်းရဲ့ လားဗျ…. အာ….ဘယ် ရှင်း မှာတုန်း …. သူတို့ နှစ်ယောက် က ဖြစ်နေတာ ကြာလှပြီ….. လနန် ဖြင့်….လနန်ဖြင့်……. ဘာာာာာာာ ……… တေချင်းဆိုးလေး…မသာလေး….. ဒေါင်းစားလေး…. ××××××××××××××× ×××××××××××××××× ( အင်တာဗျူးသမား ရဲမိုး ) ====================================== * လနန် - ကေအိုင်အေ ပြောရေးဆိုခွင့် ရှိသူ Photo - ဗန်းမော်ခရိုင် မန်စီမြို့ နယ်တွင် .... တပ်မတော် နှင့် ကေအိုင်အေ အကြား .... နှစ်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားပြီးနောက်.... တပ်မတော် မှ တိုက်ခိုက် သိမ်းပိုက် လိုက်သော.... ကေအိုင်အေ သစ်ထုတ်လုပ်ရေးစခန်း......သစ်ခိုးထုတ်မှု ကေအိုင်အေနှင့် မသက်ဆိုင်ဟုဆို -- Sent from my Android phone with EMAIL 4 MM.

No comments: