Thursday, October 3, 2013

စစ်တပ်သီအိုရီ

စစ်တပ်သီအိုရီ Myanmar Journwal ကိုလိုနီ ခေတ်လွန် မြန်မာ့နိုင်ငံရေးမှာ အလွန်ရိုးရှင်းတဲ့ ပုံစံနှစ်မျိုးပဲရှိတယ် ။ ၁။ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေသူတွေနဲ့ သူတို့ရဲ့ သားသမီးဆွေမျိုးတွေက ရိုးသားတဲ့နည်းလမ်းဖြင့်သော်လည်းကောင်း ၊ မရိုးသားတဲ့ နည်းလမ်းဖြင့် သော်လည်းကောင်း နိုင်ငံအုပ်ချုပ်ရေးကို ချုပ်ကိုင်ပြီး နိုင်ငံရေး ၊ စီးပွားရေး အမြတ်ထုတ်ကြတယ် ။ ၂။ စစ်တပ်က ပြုတ် ၊ အဖြုတ်ခံရသူတွေနဲ့ သူတို့ သားသမီး ဆွေမျိုးတွေက22 အတိုက်အခံဆိုပြီး လက်ရှိစစ်တပ်ကို လက်စားပြန်ချေလိုတဲ့ စိတ်အခံနဲ့ အတိုက်အခံတွေ ဖြစ်လာကြပြီး နိုင်ငံအုပ်ချုပ်ရေးကို ချုပ်ကိုင်ဖို့ ကျိုးစားရင်း နိုင်ငံရေး ၊ စီးပွားရေး အမြတ်ထုတ်ကြတယ် ။ (တကယ်လို့သာ ထိုသူများ ပြုတ် ၊ အဖြုတ်ခံရခြင်းမရှိလျှင် ပထမလူတန်းစားထဲမှာ ရှိနေမှာပဲ ) ဗိုလ်ချုပ်အောင်ဆန်းသာ လုပ်ကြံမခံခဲ့ရလျှင် သူလည်း သမ္မတကြီး ဗိုလ်ချုပ်အောင်ဆန်း ဆိုပြီး ဖြစ်လာနိုင်တယ် ။ ယနေ့မြန်မာနိုင်ငံ စုတ်ပြတ်သတ်နေရခြင်း အဓိက တရားခံတွေဟာ ၊ စစ်ဗိုလ် ၊ စစ်ထွက် ၊ စစ်ပြုတ် နဲ့ ထိုသူများ၏ သားသမီးဆွေမျိုးများ ဖြစ်ကြသည် ။ ရဲသူရိန်မင်း 021013

No comments: