Saturday, October 26, 2013

မမစုရေ

“နိုင်ငံရေးအမြွှာညီအစ်မ ဆိုနီယာဂန္ဒီ၏ လမ်းစဉ်ကို အန်တီစု လျှောက်လှမ်းသင့်” ------------------------------------------------------------------------------------------- ပထ၀ီအနေအထားအရ အရှေ့နှင့်အနောက် ကပ်လျက်တည်ရှိနေသော အိန္ဒိယနှင့်မြန်မာနိုင်ငံတို့တွင် တူညီသော အမြွှာညီအစ်မနှစ်ဦးပေါ်ပေါက်လာခဲ့သည်။အိန္ဒိယတွင် ဆိုနီယာဂန္ဒီဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ ဗိုလ်ချုပ် အောင်ဆန်း၏ သမီး အောင်ဆန်းစုကြည် တို့ဖြစ်ကြသည်။အဘယ့်အတွက်ကြောင့် အမြွှာညီအစ်မဟု ဤစာတွင် သုံးနှုန်းပါသနည်း ဟုဆိုရသော် သူတို့နှစ်ဦး၏ ဘ၀ဖြစ်စဉ်သည် လွန်စွာအံသြဖွယ်ကောင်းသော တိုက်ဆိုင်မှူများဖြင့် ကြီ့းပြင်း လာခဲ့ရသော ကြောင့်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ဆိုနီယာဂန္ဒီတို့ တွေ့ဆုံခဲ့ကြစဉ်က အိန္ဒိယနိုင်ငံ၏ သြဇာကိတ္ထိမကြီးသော အတိုက်အခံကွန်ဂရက်ပါတီ၏ ဥက္ကဌ ဆိုနီယာဂန္ဒီသည် အန်တီစုကဲ့သို့ပင် မွေးရပ်ကို စွန့်ခွါပြီး အင်္ဂလန်တွင်ကျောင်းတက်နေရာက ဘာသာမတူ၊လူမျိုးခြားနဲ့ အိမ်ထောင် ကျခဲ့ပါသည်။ အိမ်ထောင်ကျပြီးသည်နှင့် ယောကျာင်္းဘက်ကို လိုက်သွားပြီး ကလေးနှစ်ဦးဖွါးမြင်ကာ နှစ်ပေါင်း များစွာ သာမာန် အိမ်ရှင်မ ဘ၀နှင့်ဇာတ်မြှုပ်နေခဲ့သည်မှာလည်း အဖြစ်တူခဲ့ပါသည် ။နိုင်ငံရေးလောကသို့ ဘုမသိ ဘမသိနှင့် ရုတ်တရက် ၀င်ရောက် လာခဲ့ခြင်းသည်လည်း အဖြစ်ချင်းတူပြန်ပါသည်။ သူတို့နှစ်ဦး၏ ကွာခြားချက်လည်းရှိသေးသည်။ယင်းအချက်မှာ ဆိုနီယာဂန္ဒီသည် အိန္ဒိယပြည်သူများက ၀န်ကြီးချုပ် ရာထူးအတွက် တစ်စုတစ်စည်းတည်း ထောက်ခံခဲ့သော်လည်း အခြေခံဥပဒေနဲ့မညီညွှတ်ဟု ဆိုကာ ၄င်း၏ သဘောထားဖြင့် ယင်းနေရာကို လုံးဝ လက်ခံခြင်းမရှိပဲ “ဤရာထူးကို ကျွန်ုပ်မယူပါ” ဆိုပြီးပါတီတွင်းမှ ဘဏ္ဍာရေး ၀န်ကြီးဖြစ်နေသည့် မန်မိုဟန်ဆင်း ကိုသာ လွှဲပြောင်းပေးခဲ့သည့် အာဂမိန်းမသား ဖြစ်သည်။ အခြေခံဥပဒေနှင့် မညီညွတ်သဖြင့် သမ္မတရာထူး မပေးနိုင်ဟု ထုတ်ပြန်ထားသော မြန်မာနိုင်ငံအတွက် အန်တီစုသည် သမ္မတနေရာ ရရှိရေး အသည်းအသန်ကြိုးစားနေသည်။“ကျမ…သမ္မတဖြစ်ချင်ပါတယ်” ဆိုသောစကားကိုသာ တွင်ကျယ်စွာပြောဆိုနေပါသည်။ ဆိုနီယာသည် ယောကျာင်္း အသတ်ခံရပြီး ကွန်ကရက် ပါတီကြီး တစ်ခုလုံး ကဗျောင်းကပြန် ကွဲထွက်နေသည့် အချိန်၌ နိုင်ငံရေး လောကအတွင်း ၀င်ရောက်လာပြီး ထိုအချိန်မှစ၍ စုစည်းနိုင်ခဲ့ကာ နိုင်ငံတွင်းအကြီးမားဆုံးပါတီအဖြစ် ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။အန်တီစုအနေဖြင့် နိုင်ငံရေးဆာလောင်မွတ်သိပ်မှူ ပြင်းပြနေသော မြန်မာပြည် လူထုအကြားသို့ မိခင်နေမကောင်း၍ ပြန်လာချိန်နှင့် တိုက်ဆိုင်ပြီး အပြောင်းအလဲကြား ခေါင်းဆောင်သစ်ကို မျှော်လင့်နေသော လူထုအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအား ၄င်းတို့၏ ခေါင်းဆောင်သစ်အဖြစ် မျှော်လင့်တကြီး အားကိုးနေချိန်တွင် နိုင်ငံရေးသမားများ၏ မြောက်ပင့်ပေးမှူများနှင့်အတူ နေရာရရှိသွားခြင်းဖြစ်ပါသည်။ ဆိုနီယာသည် အီတလီနိုင်ငံသူဖြစ်သည်။ အိန္ဒိယနိုင်ငံသား ရာဂျစ်ဂန္ဒီနှင့် လက်ဆက်ပြီးမှ သျှောင်နောက် ဆံထုံးပါဖြင့် အိန္ဒိယသို့ရောက်ရှိလာခဲ့သူတစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံ အကျိုးကိုဆောင်ရွှက်နိုင်ခဲ့သည်။ မြန်မာ စစ်စစ်တစ်ဦး ဖြစ်ပါလျှက် မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့သူ အန်တီစုအနေဖြင့်မြန်မာ့နိုင်ငံရေးတွင် အဘယ့်ကြောင့် ဆိုနီယာဂန္ဒီထက် နိုင်ငံတိုးတက်ရေး ကိုမဖန်တီးနိုင်ပါသနည်း ။အန်တီစုအနေဖြင့် အာဏာ တွယ်မက်မှူ ပြင်းထန်နေသည်ဟု ဆိုချင်ပါသည်။ ဖခင်ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင်ရေးဆွဲထားသော ဥပဒေပုဒ်မကို သူမကိုယ်တိုင် ဖယ်ရှားနေချင်၏။ နောက်ခံ သမိုင်းတူခဲ့သော မြန်မာနှင့်အိန္ဒိယတို့သည် နိုင်ငံအတွင်း နိုင်ငံခြားသား(သို့)နိုင်ငံခြား သြဇာခံရမည်ကို အထူး စိုးရိမ်သောကြောင့် ယင်းဥပဒေကို ပြဌာန်းခဲ့ကြသည်မှာလည်း အတူတူပင်ဖြစ်သည်။ ဆိုနီယာဂန္ဒီ အနေဖြင့် မန်မိုဟန်ဆင်းကဲ့သို့ ပါတီတွင်းမှ ထွန်းတောက်ကြယ်များရှိ၏။ ဆိုနီယာ ၏သားဖြစ်သူ ရာဟူးဂန္ဒီသည်လည်း လက်ရှိတွင် ကွန်ဂရက်ပါတီ၏ အတွင်းရေးမှူး ဖြစ်ပြီး အပြောင်းအလဲလိုလားသော လူငယ်များ ကြားတွင် စံနမူနာထားရသော လူငယ်တစ်ယောက်ဖြစ်ပါသည်။ယခုအခါ ဆိုနီယာဂန္ဒီသည် အနားယူတော့ မည်ဖြစ်သဖြင့် ရာဟူးဂန္ဒီသည် ပါတီဥက္ကဌ နေရာဆက်ခံရန် အဆင်သင့်ဖြစ်နေပြီ။ ကန့်ကွက်သူများလည်း မရှိသည့်အပြင် မန်မိုဟန်ဆင်း ကပင် ၀န်ကြီးချုပ်နေရာလွှဲပြောင်းပေးမည်ဟု ကမ်းလှမ်းနေသည်။ ထို့အပြင် သမီးဖြစ်သူ ပရီယန်ကာ ကလည်း ဆိုနီယာဂန္ဒီနှင့် အစ်ကိုဖြစ်သူ ရာဟူးဂန္ဒီ တို့၏ campagin officer အဖြစ် တာဝန်ယူနေပြီး အိန္ဒိယလူထုကြား အစ်ကို ထက်ပင် လူၾကိဳက္မ်

No comments: