Thursday, October 17, 2013

အခြေခံဥပဒေကိုအသုဲံးချကာ

ပြည်သူကိုအသုံးချကာ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်သင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရသစ် တစ်ရပ်ပေါ်ပေါက်လာခဲ့သည်မှာ (၃)နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ အစိုးရ နဲ့လွှတ်တော်များရဲ့သက်တမ်း ဟာ(၅)နှစ်သာဖြစ်တဲ့အတွက် ၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲကြီးတစ် ခုကျင်းပရမှာဖြစ် ပါတယ်။ ၂၀၁၅ခုနှစ်မှာ သမ္မတလုပ်ဖို့ ထုတ်ဖော်ပြော ဆိုလာသူများရှိနေသလို မပြောဘဲနေသူများလည်းရှိနေပါတယ်။ လက်ရှိအနေအထားအရတော့ သူရဦးရွှေမန်းနဲ့ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦးကတော့ ၂၀၁၅မှာသမ္မတလုပ်မယ်လို့ တရားဝင်ပြောဆိုထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅မှာ သမ္မတဖြစ်ဖို့ဆိုရင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရမှာဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖြစ် တဲ့နည်းနဲ့ ပြင်ပေးဖို့ တောင်း ဆို နေသလို ပြင်မပေးဘူးဆိုရင်အခြေအနေတွေ ဆိုး ရွားသွားနိုင်တယ်လို့ ကြိုတင်ဟောကိန်းထုတ် ထားခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ပေးမယ် လို့က တိပြု ထားပါတယ်။အခြေခံဥပဒေပြင် ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှာ လေ့လာ သုံးသပ်ရေးကော်မတီ ဖွဲ့စည်းပြီးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လွှတ်တော်အထဲမှာ ပြင်ဆင်ဖို့ လုပ်ဆောင်နေစဉ်အတွင်းမှာ လွှတ်တော်ပြင်ပ မှာလည်း ပြင်ဆင်လိုသူ၊ အသစ်ပြန်လည်ရေးဆွဲလိုသူတွေ ပေါ်ပေါက် လာပါတယ်။ဒီအဖွဲ့တွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည် လည်းပါဝင်ပါတယ်။သူမ အနေနဲ့ လွှတ်တော်အ တွင်းက ပြင် ဆင်နေတာကို မစောင့်နိုင်ဘဲ အခြေခံဥပဒေပြင်ဆင်ရေးဒါမှမဟုတ်အသစ်ပြန်လည် ရေးဆွဲရေးတွေလုပ်ဆောင်နေပါတယ်။နောက်ဆုံးအခြေအနေမှာတော့ NLD ပါတီအနေနဲ့ အခြေခံဥပဒေကိုပြင်ဖို့ဒါမှ မဟုတ် အသစ်ပြန် လည်ရေး ဆွဲဖို့ ပြည်သူလူထုရဲ့သဘောထား ရယူမယ်ဆိုပြီး လုပ်ဆောင်နေ ပါတယ်။ ၀ါရင့်နိုင်ငံရေး သမားကြီးတွေနဲ့ ဥပဒေပညာရှင်အချို့ကတော့ ပြည် သူ လူထုကိုခုတုံးမလုပ်သင့်ဘူးလို့ပြောပါတယ်။“ပြည်သူက အသစ်ပြန်ရေး ချင်တယ်ဆိုလို့ ကျွန်တော်တို့ကအခြေခံဥပဒေအသစ်တစ်ခုရေးမယ် ဆိုရင် ပြည်သူက အခြေခံဥပဒေကို ဘယ်လောက်နားလည်လဲ။ ဒီမှာအားသာချက်၊ အားနည်းချက်ဆိုပြီးပြည်သူကို ဆွဲခေါ် တာမျိုး၊ ကျွန်တော့်အမြင်မှာ ဥပဒေပညာသင်လာတဲ့သူတစ်ယောက်အမြင် မှာတော့ ပြည်သူကို ဆွဲခေါ်တာမျိုးမလုပ် သင့်ဘူး။ ဒီအချိန်က နိုင်ငံရေးစတန့်ထွင်ဖို့ အချိန်မဟုတ်ဘူး။ ၁၉၆၂ခုနှစ်ကနေ ၂၀၀၈ခုနှစ်အထိ ၄၉ နှစ်လုံးကျွန်တော်တို့မှာ အခြေခံဥပဒေမရှိဘူး။ ကျွန်တော်တို့ယဉ်ကျေးမှုထဲမှာ ဒီမိုကရေစီကို နားလည်သူမရှိဘူး။ ကျွန်တော် လည်း နားမလည်ဘူး“ဒါကတော့အမေရိကန်နိုင်ငံသားခံယူထား တဲ့ ဒေါက်တာဆလိုင်း ငွန်ကျုံးလန်ရဲ့အမြင်သဘောထားဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်ဥပဒေကို အစအလယ်အဆုံး မသုံးခင် မှာကို ပြင်ဆင်ချင်တယ်၊ အသစ်ရေးဆွဲချင်တယ်ဆိုတဲ့သဘောထား ဟာ တိုင်းပြည်နဲ့လူမျိုး ရဲ့ကောင်းကျိုးကိုရှေးရှုတာလား၊ မိမိတို့ရဲ့ ကိုယ်ကျိုးကိုရှေ့တန်းတင်တာ လားဆိုတာ ကာယကံ ရှင်တွေ အသိဆုံးဖြစ်ပါတယ်။ NLDပါတီအနေနဲ့ တင်းပြည့် ကျပ်ပြည့်အာဏာရပါတီ မဖြစ်သေး တာတောင်မှ ဖွဲ့စည်း ပုံ ပြင်ဆင်ရေး၊အသစ်ရေးဆွဲရေးကို လွှတ်တော်က ပေါ် ထွက်လာမယ့်အဖြေကို မစောင့်ဘဲလုပ်ဆောင် ရန် ပြင်ဆင် နေခြင်းမှာ သဘာဝမကျလှပါ။ ယခု NLD က လုပ်ဆောင်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးအ တွက် ပြည်သူ့ သဘောထား ရယူမယ်ဆိုတဲ့စကားဟာ ဒေါ်အောင်ဆန်းစုကြည် အားကိုး နဲ့ ပြောဆိုလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိအစိုးရနှင့် လွှတ်တော်အား ရန်တိုက်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ကြားဖြတ်ရွေးကောက် ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း မျက်နှာကြောင့်NLD ကိုယ်စားလှယ်များ အားမဲထည့်လိုက်ခြင်းဖြစ်ပါ တယ်။ဒေါ်အောင်ဆန်းစုကြည်သာ ဒီလိုနေထိုင်ပုံနဲ့ ဗိုလ်ချုပ် သမီး မဟုတ်ဘဲ ရိုးရိုးသာမန် လူတစ်ယောက် ရဲ့သမီးဖြစ်နေရင် ဘယ်သူမှ လှည့်ကြည့်မှာမဟုတ်ပါဘူး။ ကြားဖြတ် ရွေးကောက်ပွဲနဲ့လွှတ်တော်တက်ခဲ့တဲ့ NLDကိုယ်စားလှယ် အများစုမှာ ဒေသအကျိုး အတွက်လုပ်ဆောင်တာမျိုး မရှိခဲ့ပါ။ မဲထည့်ပေးလိုက်သော ဒေသခံများမှာ မိမိတို့လူရွေးမှား သွားပြီဆိုသောစ ကားသံမှအပ ဘာမှလုပ်၍ မရ တော့ပါ။ တကယ်နစ်နာလိုက်ရတာ က ဒေသခံပြည် သူ အများစု ဖြစ်ပါတယ်။ ပြည်သူလူထု၏ ယုံကြည်ကိုးစားခြင်း အပေါ် NLD က အသုံးချကာ လွှတ်တော်သို့ တက်ရောက်သွားခဲ့ခြင်းဖြစ်ပါတယ်။ယခုဖွဲ့စည်းပုံပြင်ဆင်ရေးပြည်သူသဘောထားရယူမည့်ကိစ္စမှာတော့ ပြည်သူလူထုတစ်ရပ်လုံးကတခဲနက် ထောက်ခံမှုရတော့မှာမဟုတ်သလို ပြည်သူလူထုအတွင်း သဘောထားအမြင်ကွဲလွဲမှုများသာ တိုးပွားလာမှာဖြစ်ပါ တယ်။ ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ ရှုပ်ထွေးလာမှာဖြစ်သလို့ သက်တမ်းနုနယ်သေးတဲ့ ဒီမိုကရေစီစနစ်တစ်ခု အတွက်လည်း မတည်မငြိမ်ဖြစ်မယ့် အန္တရာယ်တစ်ခုကို လက်ယပ်ခေါ် သလိုဖြစ်နေပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတဖြစ်နိုင်ခြေနည်းတဲ့ အနေအထားကို သိလို့ များ ပွဲဆူအောင်လုပ်ဖို့ပြင်ဆင်နေတာလား။ ဒါမှမဟုတ်ငါသမ္မတမဖြစ်သရွေ့တိုင်းပြည်ဘယ်လိုဖြစ်ဖြစ်ဆိုပြီးတော့များလုပ်နေတာလား…ဆိုတဲ့မေးခွန်းတွေ မေးစရာ ဖြစ်လာနေပါပြီ။ဖွဲ့စည်းပုံပြင်ဆင်ဖို့ ပြည်သူလူထုရဲ့သဘောထားရယူရာမှာ ဘယ်လိုနည်း လမ်းကိုသုံးမှာလဲ။ရွေးကောက်ပွဲအကြိုစည်းရုံးစဉ်ကလုပ်ရပ်မျိုးအသံချဲ့စက်နဲ့ပြောလိုက်မယ်။ပြည်သူတွေကလက်ခုပ်တီးလိုက်မယ်။ဒါကိုထောက်ခံတယ်လို့သတ်မှတ်မှာလား။ ဒါကိုထောက်ခံတယ်လို့သတ်မှတ်ရင် ဒီဟောပြောပွဲကိုမ တက်ရောက်နိုင် တဲ့ပြည်သူတွေရဲ့သဘောထားကို ဘယ်လို သတ်မှတ်မလဲ။ ဒါမှမဟုတ် မဲရုံကြီးတွေဆောက် ပြီး ထောက်ခံမဲ၊ကန့်ကွက်မဲထည့်ခိုင်းမှာ လား။ဒါဆို သဘာဝကျပါတယ်။ဒါပေမယ့် ဒီအတွက်ကုန်ကျစရိတ်၊ လူအင်အား၊ တရားဥပေဒ စိုးမိုးမှုအတွက် ဘယ်သူ ကတာဝန်ယူမလဲ။ ဒါမှမဟုတ် အင်တာနက် ကနေ ထောက်ခံမဲ တောင်းမှာလား၊ ဒီလိုဆိုရင် လဲ မြန်မာနိုင်ငံလူဦးရေမှာ အင်တာနက်သုံးစွဲသူကနည်း လှတဲ့အတွက် ပြည်သူ တစ် ရပ်လုံးရဲ့ ဆန္ဒအမှန်ဖြစ်ဖို့ခဲယဉ်းပါတယ်။ ဒါကြောင့်မို့ ပွင့်ပွင့်လင်းလင်းဝေဖန်သုံးသပ်ရယင် NLD ပါတီအနေနဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊အသစ်ပြန်လည်ရေးဆွဲရေး ပြည်သူသဘောထား တောင်းခံမယ့်လုပ်ရပ်ဟာရလာဘ်ကောင်းတစ်ခုထွက်မလာနိုင်သလိုလက်ရှိသွားနေတဲ့ဒီမိုကရေစီစနစ်ကိုပံ့ပိုးရာမရောက်ဘဲ နောက်ပြန်လှည့်ခိုင်းသလိုဖြစ်နေပါတယ်။ ပြည်သူကိုအသုံးချခုတုံးလုပ်ကာဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးကိုမလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်NLDပါတီဝင်တွေသိစေချင်ပါတယ်။ အေးမြင့်(လှိုင်သာယာ)မြန်မာပြည်သား

No comments: