Friday, October 11, 2013

အံ့ဘွယ် ၉ ပါး

အံ့ဘွယ်(9)ပါးနှင့်ပြည့်စုံသောရွှေစည်းခုံစေတီတော်~ Sunday, October 6, 2013 အတွင်းအံ့ဘွယ်(9)ပါး... (1)ရွှေထီးတော်ကြီးအား သံကိုင်း သံကြိုး တို့ဖြင့်မချည်မဆိုင်းတည်ခြင်း။ (2)ရွှေလောင် စက္ကူကိုကြာလံဖျားမှလွှင့်ချ လျင်အပြင်သို့မလွင့်ခြင်း။ (3)စေတီတော်၏အရိပ်သည်တံတိုင်းအပြင် သို့မထွက်(အကြောင်းရှိမှထွက်တော်မူခြင်း)။ (4)ဘုရားဖူးများရာထောင်သောင်းဝင်သည့်တိုင် ပြည့်ကျပ်မနေခြင်း။ (5)ပထမသပိတ်ကြီးတွင်ဆွမ်းဦးကပ်သူ အမြဲရှိနေခြင်း။ (6)စေတီတော်ကြီး၏တစ်ဘက်မှစည်တီး လျင်ကျန်တစ်ဘက်မှမကြားရခြင်း။ (7)အဝေးမှဖူးမျှော်လျင်ကုန်းမြင့်၌တည်ထားသည်ဟု ဖူးတွေ့ထင်ရခြင်း။ (8)မိုးမည်မျှရွာသည်ဖြစ်စေ ရေမတင်ခြင်း။ (9)12လရာသီလုံးအဖူးအပွင့်တို့ဖြင့်တင့်တယ်သောခရေပင်ရှိခြင်း။ အပြင် အံ့ဘွယ်(9)ပါး... (1)ရေအလျင်စီးရာ၌ဆင်တော်ဝပ်ရာသဲသောင်ပြင်ပေါ်လာခြင်း။ (2)သဲသောင်ကိုကြာရှည်တည်တံ့စေရန်နဂါးကျစ်၍သဲကျောက်ဖြစ်လာခြင်း။ (3)စေတီတော်ကိုဦးခိုက်ပြီးမှဧရာဝတီမြစ်ရေစီးဆင်းရခြင်း။ (4)မဟာရံတံတိုင်းရှစ်ပယ်မျှကျယ်ဝန်းခြင်း။ (5)တူရွင်းတောင်မှကျောက်အုတ်များကိုလက်ဆင့်ကမ်းသယ်ယူခြင်း။ (6)မန်ကျည်းပင်များနေ့ချင်းပေါက်၍အရိပ်ခိုရလောက်အောင်ကြီးထွားလာခြင်း။ (7)စေတီတော်ကြီးပြီးလျှင်မန်ကျည်းပင်များပျောက်ကွယ်ခြင်း။ (8)သိကြားမင်းကိုယ်တိုင်တူးခဲ့သောမှန်တွင်းရေပြင်၌စေတီ၏အရိပ်ပေါ်ခြင်း။ (9)အဝေးမှကြည့်လျှင်ကုန်းပေါ်တွင်တည်ထားသည်ဟုထင်ရ၍အနီးရောက်မှမြေညီတွင်တည်ထားသည်ဟုတွေ့မြင်ရခြင်း။ နှင်းဆီဖူးလေးများ ဒေါက်တာဆင်ကြီး

No comments: