Sunday, October 13, 2013

ယနေ့အကြိုက်ဆုံးပြည်သူ့အသံ

ယနေ့အကြိုက်ဆုံး ပြည်သူ့အသံ =================== ဘင်္ဂါလီ အမတ် ၃ ယောက်နဲ့ ပတ်သတ်တဲ့ ကိစ္စဟာ ကြံခိုင်ရေးပါတီနဲ့ လွှတ်တော်ကြီး အတွက် အတွင်း လှိုက်စားနေတဲ့ သွေးစုနာပါပဲ။ အသားထဲမှာ ပြည်ပုတ် သွေးပုတ်တွေကို အနာခံပြီး မွေးထားသလိုပါပဲ။ အတွင်းကို လှိုက်စားလာလေလေ တဖြေးဖြေးနဲ့ ဂုဏ်သိက္ခာတွေကို ပဲ့ရွဲ့ ကြနေတယ်ဆိုတာကို သတိမူသင့်ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး အာဏာကို ဆက်လက်ထိန်းသိမ်လိုရင်၊ မိမိတို့ပါတီရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်တယ်ဆိုရင် တိတိကျကျ ပြတ်ပြတ်သားသား အရေးယူဆောင်၇ွက်သင့်တဲ့ အချိန် တန်နေပါပြီ။ သို့တည်းမဟုတ်ပါက လူထုကို မလေးစားသလို၊ အဆိုးဆုံးက မိမိနဲ့ မိမိပါတီရဲ့ ဂုဏ်သိက္ခာကို မလေးစားသလို ဖြစ်နေပါပြီ။ သမ္မတရာထူးကို မျှော်မှန်းထားသော လက်ရှိလွှတ်တော် ဥက္ကဌကြီး အနေနဲ့လည်း ဂုဏ်သိက္ခာဟာ ဘယ်လောက် တာသွားသလဲဆိုတာ အသိဆုံးဖြစ်ပါလိမ့်မယ်။

ဒေါက်တာဆင်ကြီး

No comments: