Friday, October 11, 2013

ယနေ့အကြိုက်ဆုံး

*** ယနေ့အကြိုက်ဆုံး Status *** ==================== မိုးပေါ်ထောင်မပစ်တတ်ဘူးဆိုတဲ့ လူကြီးပေါ့ဗျာ။ သူ မရှိတော့တာကြာပေါ့။ တလောလေးမှ သူ့မြေး ထောင်ကလွတ်တယ်။ အမယ် လွတ်ပြီးမကြာခင် ကားလိုင်း ထောင်သတဲ့ဗျ။ ဟိုတယ်ကြီးလည်းလုပ်တယ်ဆိုလား။ ဘယ်လောက်တောင် ဘယ်နှသက်သုံးမကုန်အောင် ချန်ထားပါလိမ့်နော်။ အခု စာဖတ်နေသူကြီးပေါ့လေ။ သားသမီးမပြောနဲ့ အရွယ်ရောက်စ မြေးတော်လေးတောင် ဒေါ်လာသိန်းချီတန် ကားနဲ့ဆိုလား။ ဘယ်ကရတဲ့ ပိုက်ဆံများလဲ … နော်? ဒေါ်လာ ၁၁ဘီလျံကိစ္စလည်း မပြေသေး။ အဘ အဆင့်တွေမှာ ဆင်းရဲတဲ့သူရှိရင် ပြစမ်းပါ။ ဒါကိုတောင် လော်ဘီတွေက လုပ်လိုက်ကြသေးတယ်။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံနေကြတာ တိုင်းပြည်အကျိုးအတွက် ကယ်တင်နေကြတာ … တဲ့။ ပုံပြင်တစ်ပုဒ်ကြားဘူးတယ်။ လာလှူထားတဲ့ ခဲဖွယ်ဘောဇဉ်တွေကို ဘုန်းတော်ကြီးက မြိန်မြိန်ကြီးသုံးဆောင်ရင်း ပါးစပ်က ဒုက္ခ ဒုက္ခ အော်နေသတဲ့။ တစ်လုပ်စားလိုက် အင်း … ဒုက္ခ ဒုက္ခ တစ်ဖဲ့ဝါးလိုက် အင်း … ဒုက္ခ ဒုက္ခ တစ်ကိုက်မြိုလိုက် အင်း … ဒုက္ခ ဒုက္ခ ကြာလာတော့ ကြည့်နေရတဲ့ ကပ္ပိယက မြင်ပြင်းကပ်လာတယ်။ တောက် အဲဒီလို ဒုက္ခမျိုးတော့ ခံချင်စမ်းပဗျာ နေရာချင်းလဲချင်ပါရဲ့ … တဲ့။ ကိုယ်တွေလဲ ဒီလိုအနစ်နာခံမှုမျိုး ဒီလိုပေးဆပ်မှုမျိုးနဲ့ တိုင်းပြည်ကို ကယ်တင်ချင်စမ်းပဗျာ။ သိပ်များများကြီးမဟုတ်ပါဘူး။ နေပြည်တော်က စင်တင်တွေမှာ ဗိုက်ပူကြီးတွေ ပန်းကုံးတက်စွပ်သလောက်လေး ဖြုန်းနိုင်ရင် တော်ပါပြီ။ ဟို ပုံပြင်ထဲက ဘုန်းတော်ကြီး ဒုက္ခ ဒုက္ခ အော်သလို ကိုယ်တွေလဲ … တစ်လုပ်စားလိုက် ပေးဆပ်နေတာကွ။ တစ်ဖဲ့ဝါးလိုက် စွန့်လွှတ်အနစ်နာခံနေတာကွ။ တစ်ကိုက်မြိုလိုက် ကယ်တင်နေတာကွ။ အဲဒီလိုလေးကြွေးကြော်ရင်း တိုင်းပြည်အတွက် အလုပ်ကျွေးပြုနေချင်လိုက်တာ ဟဲ ဟဲ Thorn Nay Soe ဒေါက်တာဆင်ကြီး

No comments: