Saturday, October 26, 2013

ကုလားအုပ်မ

ကဲ !!! မပြောလည်းမပြီး ပြောပြန်ရင်လည်း ကုလားအုပ် အလွန်တော့ မလုပ်နဲ့ဗျာ !!!! လူ့ ..... ဗာလ များဟာ မှန်တာကို အပြောခံရရင် အနာပေါ် တုတ်ကျသလို နာတက်ကြတာ ကျုပ်တို့တိုင်းပြည် လွတ်လပ်ရေး စရတဲ့ သကာလ ကတည်းကပေါ့ဗျာ !!!! မနေ့က ခပ်ချောင်ချောင် ဒီမိုတစ်ကောင်က ကျုပ်ကို မေးသဗျ....။ အင်္ဂလန် နဲ့ အမေရိကန် တို့လို အရမ်း စစ်တပ် အင်အား ကောင်းတဲ့ နိုင်ငံတွေမှာ စစ်တပ်က ဘာလို့ အာဏာမသိမ်းဘဲ ကျုပ်တို့ မြန်မာ့ စစ်တပ်က ဘာလို့ အာဏာ ခဏခဏ သိမ်းသလည်းတဲ့ .... ဗျား !!! ကျုပ် ... ကုလားအုပ်ကတော့ သူ့ကို .... အမြင်မှားနေရင်တော့ ... အမှားတွေမြင်မယ် အကောင်းမမြင်နိုင်ရင် ... အမြင်မကောင်းဘူး အဆိုးတွေမြင်ရင်တော့ ...အမြင်တွေ ဆိုးနေမယ် စာများများဖတ် ...စိတ်ကောင်းကောင်းမွေးလို့ ...!! ဆုံးမလိုက်ပါရဲ့ ....။ ဘယ်နဲ့ဗျာ ... ဟိုနိုင်ငံတွေက နိုင်ငံရေးသမားကြီးတွေနဲ့ ကျုပ်တို့ဆီက ပေါက်လွတ်ပဲစား နိုင်ငံရေးသမားတွေရဲ့ အဆင့်အတန်းကိုတော့ မမြင်ဘူး...။ အာဏာသိမ်းတာဘဲလာပြောနေတယ်...။ ကဲ ခင်ဗျားတို့ မသိရင် မှတ်ထား !!! ပထစ /ပမညတ /ဖဆပလ >>> တည်မြဲ-သန့်ရှင်း အလံဖြူ/ အလံနီ/ ဗကပ တွေ သမိုင်းမှာ ဘာလုပ်ခဲ့တာကို မသိဘဲနဲ့ ... လမ်းဘေး လက်ဖက်ရည်ဆိုင်က ကြားလာတာလေးတွေနဲ့ ဆားမပါတဲ့ နိုင်ငံရေးဟင်းတခွက် ချက်ဖို့တော့ မကြံလေနဲ့နော်...။ ပေါ့ပျက်ပျက် နိုင်သကွာ.... ကုလားအုပ်မ —

No comments: