Friday, October 4, 2013

သို့သမ္မတကြီးခင်ဗျာ

သို့ … ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီး ခင်ဗျား…. ကေအိုင်အေ အဖွဲ့ အား ..... ကာလတစ်ခု သတ်မှတ်ပေးပြီး….. လက်ရှိအနေအထားအတိုင်း အပစ်အခတ် ရပ်စဲ ခိုင်းရန်….. ကျန်အဖွဲ့ များနည်းတူ ဒေသဖွံ့ ဖြိုးရေးလုပ်ရင်း …… ထာဝရ ငြိမ်းချမ်းရေးကို ဆက်လက်ဆွေးနွေးသွားရေး …… တောင်းဆိုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်….။ အကယ်၍ သမ္မတကြီး၏ တောင်းဆိုချက်ကို……. ငြင်းဆန်ပါက သို့ မဟုတ် အကြောင်း မပြန်ကြားပါက….. တပ်မတော်အား ….. ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၂(က) ၊၄၁၃ (ခ) အရ ..... ကေအိုင်အေ အဖွဲ့ လှုပ်ရှားအခြေပြုရာ ဒေသများကို.... အောက်ပါအတိုင်း ကိုင်တွယ် ဖြေရှင်းခွင့်ပြုပါရန် တင်ပြအပ်ပါသည်….။ ပထမလ ---------- ၁။ မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များမှ ….. ကချင်ပြည်နယ်တွင်းရှိ တပ်မတော်စခန်းများ အားလုံး၏ …… လုံခြုံရေးကို စတင်တာဝန်ယူကာ …… တပ်မတော်၏ ခြေမြန်တပ်မ နှစ်ခု မှ လှုပ်ရှား စစ်ကြောင်း အများအပြားဖြင့်….. ဒေသတွင်း ကေအိုင်တပ်ဖွဲ့ များ၏ လှုပ်ရှားမှုများအား ….. ထိတွေ့ မှုများ ရယူ၍ စတင်ကန့် သတ် ထိန်းချုပ် သွားပါမည်…..။ ၂။ သီးခြားခြေမြန်တပ်မ နှစ်ခုဖြင့် …… နည်းဗျူဟာ ထောက်ပံ့ ရေး နှင့် ဆက်သွယ်ရေး လမ်းကြောင်းများ၏ ….. လုံခြုံရေးအား ကာကွယ်သွားမည်ဖြစ်ပြီး….. တစ်ဆက်တည်းမှာပင် ထောက်ပံ့ ရေးနှင့် ပို့ ဆောင်ရေးတပ်ရင်းများမှ ….. မြစ်ကြီးနားမြို့ တွင် စုပုံရိက္ခာ နှင့် ခဲယမ်းဖြည့်တင်းမှုများအား စတင်ဆောင်ရွက်သွားမည်…..။ ၃။ မြေပြင်ပစ် အမြောက်တပ်မ တစ်မ အား ..... မြစ်ကြီးနားသို့ ချီတက်အခြေပြုစေကာ….. အရေးကြီး ပစ်မှတ်များအားလုံး ကြိုတင် ပစ်မှတ် မှတ်ပုံတင်ထားရှိမည်….။ ၄။ မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်တွင် ..... သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ်တစ်အုပ်….. တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်အုပ် နှင့် …… ဗုံးကြဲတိုက်လေယာဉ် အုပ်တစ်အုပ်တို့ အား စုဖွဲ့ ထားရှိမည်….။ ၅။ ကချင်ပြည်နယ်တွင်းရှိ အရေးကြီးမြို့ များအားလုံးကို ..... ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိပြီး ….. စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ များမှ .... စစ်သတင်းများ မပေါက်ကြားစေရန်နှင့် …. ရန်သူမှ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ မဆောင်ရွက်နိုင်စေရန် …. မြို့ တွင်းရှိ ရန်သူ့ သတင်းပေးများအား ….. နယ်မြေခံ ပြည်သူ့ စစ်များ ၊ မိမိ အမာခံသတင်းပေးများဖြင့်..... ဖော်ထုတ်စိစစ်သွားမည်….. ရိက္ခာ ဆန် ၊ ဆား အများအပြား ၀ယ်ယူမှုများ.... ဖောက်ခွဲဖျက်ဆီးရေးနှင့် ဆက်စပ်သော .... ပစ္စည်းများ ရောင်းဝယ်ခြင်းများ အားလုံးကို ကြီးကြပ်ထိန်းချုပ်မည်…..။ ၆။ ရက်ပေါင်း ၃၀ အတွင်း …. လိုင်ဇာရှိ အရပ်သားများအားလုံး ထွက်ခွာသွားရန် အကြောင်းကြားမည်… မိမိဖက်သို့ လာရောက် ခိုလှုံလိုသော အရပ်သားများအား ….. စစ်ဖက်ရေးရာလုံခြုံရေးတပ် ၊ တပ်ထိန်းတပ်ဖွဲ့ များ ….. လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်..... ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့ ပူးပေါင်း ၍ ….. ရန်သူ သူလျိုတပ်ဖွဲ့ ဝင်များ မပါဝင်လာရေး စိစစ်ကာ ….. ဒုက္ခသည်စခန်းများ ဖွင့်လှစ်လက်ခံသွားမည်…။ ၇။ စစ်မြေပြင် ဆေးတပ်ရင်းတစ်ခုဖြင့် …. ရှေ့ တန်းစစ်မြေပြင် ဆေးရုံတစ်ခု တည်ဆောက်ကာ….. လိုအပ်သော ကုသမှုများပေးနိုင်ရန် ကြိုတင်ပြင်ဆင်သွားမည်……။ ၈။ စစ်မြေပြင် ဆက်သွယ်ရေး လုံခြုံမှု တပ်ရင်း တစ်ခုဖြင့် …. ရန်သူ့ ဆက်သွယ်ရေးစက်များအား….. ကြားဖြတ် ဖမ်းယူမှုများ ပြုလုပ်ရေး .... မိမိ ဆက်သွယ်ရေးစနစ်များ မပေါက်ကြားစေရေး အတွက် .... ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည် ….။ ၉။ ပြည်သူ့ စစ်နှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွန်ကြားရေးမှူးရုံးမှ ….. ပြည်တွင်း သတင်းထောက်များအား …. အချိန်နှင့်တပြေးညီ တိုက်ပွဲသတင်းများ ထုတ်ပြန်ပေးခြင်း … တိုက်ခိုက်ရေး စစ်ကြောင်းများနှင့် လိုက်ပါကာ …. စစ်သတင်း ရယူလိုသော သတင်းထောက်များအား ….. အဆင်ပြေချောမွေ့ စေရန် ပေါင်းစပ်ညှိနိုင်းပေးခြင်း နှင့် ….. ရန်သူ ၏ ၀ါဒဖြန့် ချိမှုများအား ….. သတင်းမှန်များ ထုတ်ပြန် ၍ ချေဖျက်ခြင်း များပြုလုပ်သွားနိုင်ရန် ….. ရှေ့ တန်း ပြန်ကြားရေး စခန်း တစ်ခု ဖွင့်လှစ်ထားရှိကာ ….. ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည်…..။ ၁၀။ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှုးရုံးမှ …… ရှေ့ တန်း ဌာနချုပ်တစ်ခုဖွင့်လှစ် ၍ …. ကချင်ဒေသရှိ နယ်ခြားစောင့်တပ်များအားလုံး အား …. အင်အားတိုးချဲ့ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်…. ထို့ အပြင် ကေအိုင်အေ ၏ ဖိနှိပ်အနိုင်ကျင့်မှုကို ခံနေရသည့် …. လီစူး …မရူ …ရ၀မ် စသည့် ကချင်မျိုးနွယ်စုငယ်များ နှင့် …… ရှမ်းနီ များအား လက်နက်တပ်ဆင်ပေးကာ..... ပြည်သူ့ စစ်အဖွဲ့ များဖွဲ့ စည်း ၍….. ရန်သူ့ သတင်းများ ရရှိရေး..... မိမိဒေသတွင်း ကေအိုင်အေတပ်ဖွဲ့ များ ၀င်ရောက်မလာစေရေး …. ဒေသ အလိုက် တားဆီးကာကွယ်စေမည်……။ ဒုတိယလ --------- ၁၁။ ထပ်မံ ရောက်ရှိလာသော တိုက်ခိုက်ရေးတပ်မ နှစ်မဖြင့် ..... လိုက်ဇာသို့ ချီတက် သိမ်းပိုက်မည်…. ချီတက်ရာ လမ်းကြောင်းရှိ ရန်သူ့ ခံစစ်ကုန်းများအား .... တာဝေးပစ် အမြောက်များဖြင့် လည်းကောင်း ….. ဗုံးကြဲ တိုက်လေယာဉ်များဖြင့် လည်းကောင်း ပစ်ခတ်ချေမှုန်းမည်….။ ၁၂။ လိုင်ဇာအားသိမ်းပိုက်ပြီးနောက် … အချက်အချာမြေများ အားလုံးတွင် စစ်စခန်းများ ဖွင့်လှစ်ထားရှိမည်…. နယ်စပ် ဖြတ်ကူးနိုင်သော ၀င် ထွက်ပေါက် နေရာများအားလုံး ပိတ်ဆို့ မည်... နယ်မြေတွင်း ရိက္ခာ ခဲယမ်းနှင့် သတင်း ဖြတ်တောက်မှုများ ပြုလုပ်ကာ….. လက်နက်မချပဲ ကြွင်းကျန်သည့်ရန်သူအစုငယ်များအား …. စစ်ကြောင်းများဖြင့် အပြီးသတ် ပိတ်ဆို့ ချေမှုန်းမည်…..။ ၁၃။ တောတွင်း နှင့် တောင်ပေါ်စစ်ဆင်ရေးအတွက် …. အထူးလေ့ကျင့်ထားသော ကွန်မန်ဒိုတပ်ဖွဲ့ ငယ်များဖြင့် …. ရန်သူ့ နောက်သို့  ခြေရာခံ ကောက်သင်းကောက် တိုက်ခိုက်မှုများ ပြုလုပ်မည်….။ ၁၄။ ဖမ်းဆီးရမိသည့် စစ်သုံ့ ပန်းများအား ….. စရဖ တပ်များမှ လိုအပ်သည့် စစ်ကြောမှုများ ပြုလုပ် ၍…. ရာဇ၀တ်ကောင်များအား ဖော်ထုတ်ကာ တရားစွဲဆိုနိုင်ရေးဆောင်ရွက်မည်….။ ၁၅။ သာမန် စစ်သုံ့ ပန်းများအား အလင်းဝင်ရောက်စေကာ ….. နယ်ခြားစောင့် တပ်များတွင်လည်းကောင်း … ဒေသခံ ပြည်သူ့ စစ်များတွင် လည်းကောင်း နေရာချထားပေးပြီး ….. လိုအပ်သည့် ထောက်ပံ့ မှုများ ပြုလုပ်ပေးမည်….။ ၁၆။ ဒေသတွင်း ရွာပုန်းများအား ဖယ်ရှားရှင်းလင်းကာ …… ကားလမ်းများ ဖောက်လုပ်ပေးပြီး ….. စာသင်ကျောင်းများ ၊ ဆေးပေးခန်းများ ပါဝင်သော... ရွာကြီးများ အဖြစ် ပြန်လည်တည်ဆောက်ပေးမည်… တပ်မတော်နှင့် နယ်ခြားစောင့် တပ်ဖွဲ့ များ မှ ….. ထိုရွာများတွင် အခြေစိုက်စခန်းများ ဖွင့်လှစ်ထားရှိမည်…. ရေရှည်စီမံချက် ---------------- ၁၇။ ရေရှည် စီမံချက်အနေဖြင့် ….. ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ( မိုးညှင်း )…. ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဗန်းမော်) ….. ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ( ဖားကန့် )…. ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ( ပူတာအို) တို့ အား ….. တစ်နှစ်အတွင်း ဖွင့်လှစ်ကာ ….. နယ်ခြားစောင့်တပ်များ ပြည်သူ့ စစ်များနှင့်ပူးပေါင်း ၍….. နယ်မြေစိုးမိုးရေး နှင့် ပြည်သူ့ စစ် လုပ်ငန်းများဆောင်ရွက်ကာ …. ကေအိုင်အေ အဖွဲ့ အား အမြစ်ပြတ်ချေမှုန်းသွားလိုပါကြောင်း .... လေးစားစွာ တင်ပြအပ်ပါသည်….။ ( အထူးစစ်ဆင်ရေး အဖွဲ့ မှူး ရဲမိုး ကာကွယ်ရေး ၀န်ကြီးဌာန ၊ ဖေ့စ်ဘတ်

No comments: