Sunday, October 13, 2013

ချစ်သူရေ

ချစ်သူ > တရုတ်ကြီးဖတ်ပါ

အကြောင်း မညီညွှတ်လို့ ဘောင်းဘီချွတ်ပြီး ဒီစာကို ရေးလိုက်ပါတယ်။ အခု > ကိုယ်ပို့လိုက်တဲ့ စာကလေးကို ရရင် အမွှေးနူတ်ပြီး ကြော်စားလိုက်ပါ။ မင်းကို > ကိုယ်ချစ်ချင် ပေမယ့် အုန်းခြစ်က မရှိဘူး။ မင်းနဲ့ ကိုယ်ပေါင်းချင်ပေမယ့် > ကောက်ညှင်းဆန်က ဈေးကြီးတာ မင်းအသိပါကွယ်။ မင်းကို ကိုယ်က နှစ်သတ်ပေမယ့် မင်းက > ရေငုပ်ကျွမ်းကျင်တော့ ဘာမှ မဖြစ်ဘူး။ > > အချစ်ရယ် အခုလောက်ဆို ကိုယ်တစ်ယောက်တည်း လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ > ခြောက်လောက်ရောပေါ့။ မင်းအချစ်ကိုသာ မရရင် ကိုယ်လေ..မထူးတော့တဲ့ဘ၀မှာ > မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွယ်။ ကိုယ်ဒီလို အရဲစွန့်ပြီး > စာရေးတာ စိတ်မဆိုးပါနဲ့နော်။ ငပိစားပြီး အသိတရား မရှိတဲ့ကောင်လို့တော့ > မပြောလိုက်ပါနဲ့၊ ဒါဟာ ဂေါ်ဖီစားပြီး တော်ကီပွားနေတာလည်း မဟုတ်ရပါဘူး။ > ရုပ်တည်နဲ့ မုန့်တီ ထိုင်သောက်ရင်းပြောတာလို့လည်း မစွပ်စွဲလိုက်ပါနဲ့။ > အရှက်မရှိတဲ့ သရက်စေ့မို့ ပြောတာလည်း မဟုတ်ရပါဘူး။ ကိုယ်ဟာ ရုပ်ကလာပ်က > စုတ်ပြတ်၊ ရူပါက ချူချာ၊ ပုံစံက ဒုံပျံနေပေမယ့် အသည်းနှလုံးကတော့ > ချစ်တတ်ပါတယ်ကွယ်။ > > အော် ဒါနဲ့ မင်းက အစားအသောက်ဆို မီးလိုတောက်၊ အလုပ်အကိုင် ဒို့မဆိုင် > လုပ်တတ်တဲ့ မျောက်မူးလဲလေးမို့ ပြောရဦးမယ်။ ဂေါ်ရခါးသီးနဲ့ စော်ဘွားအီးကို > တွဲမစားကောင်းဘူးလို့ ကိုယ်ကြားမိတယ်။ အဲလိုပဲ ဘူးသီးနဲ့ မြင်းအီးနဲ့တွဲဖက် > မစားရဘူးတဲ့။ ကိုယ်ကတော့ တစ်နေ့ တနေ့ ဥကြော်ချည်းပဲ အုပ်နေရလို့၊ လူတောင် > ဥရုပ်ပေါက်ပြီး ကိုယ်တိုင်တောင် ဥပြန်ဥလို့ ရနေပြီ။ > > ဒါနဲ့ စကားမစပ် တစပ်ကွယ်... > > ကိုယ့်ရဲ့ စာတွေကို မင်းအစ်မနဲ့ ဖားသားကြီးတွေ့သွားလို့ တော်တော်ဆူနေပြီလား။ > ဆူရင် မီးဖိုပေါ်က ချပြီး လက်ဖက်ခြောက်ခတ်လိုက်ပါနော်။ မင်းလေး ကိုယ့်ဆီ > စာပြန်ဦးနော်။ မင်းဆီက ပြန်လာမယ့် စာကလေးတွေကို ကိုယ် လေသေနတ်နဲ့ > အသင့်စောင့်နေမယ်။

No comments: