Wednesday, October 23, 2013

ဒေါ်စုဝေဖန်

***၂၀၀၈ ဖွဲ့စည်းပုံဟာ အမျိုးသမီးတွေ သမ္မတ ဖြစ်ခွင့်မရဟု ဒေါ်စုဝေဖန် *** ========================================== မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အမျိုးသမီးတွေ သမ္မတ ဖြစ်ခွင့်မရှိတာကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဒီမိုကရေစီ နည်းမကျဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဥရောပနိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတဖြစ်သူတွေဟာ စစ်တပ်အတွေ့အကြုံရှိရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်ရမယ်လို့ ပြဌာန်းထားတဲ့အတွက် အမျိုးသမီးတွေကို အလိုအလျောက် ပယ်ထားသလို ဖြစ်နေတယ်လို့ ပြောပါတယ်။ credit:ABC Radio Austrilia xxxxxxxxxxxxxxxxxxxxxxxxxxxxxxx ၁။ စစ်တပ် အတွေ့အကြုံရှိရမယ်လို့ အခြေခံ ဥပဒေထဲမှာ ပြဌာန်းမထားပါဘူး... ၅၉။ (ဃ) မှာ နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေး စသည့် အမြင်များ ရှိရမည်၊ လို့ပဲ ပါ ပါတယ်... ပြီးတော့ အခု လက်ရှိ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက စစ်တပ် အတွေ့အကြုံရှိ တဲ့ ပုဂ္ဂိုလ်မဟုတ်ပါ... ၂။ နောက်တစ်ခုက ယောက်ျား မိန်းမ မရွေး သမ္မတ ဖြစ်ခွင့်ရှိလို့ပဲ... ၅၉။ စ မှာ.. မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း ဆိုပြီး ပါ ပါတယ်... ဒေါ်သာ တကယ် တမ်း ဒီလို စကား မျိုး ပြောထွက်တယ် ဆိုရင် အခြေခံ ဥပဒေကို သူမကိုယ်တိုင် လုံးဝ နားမလည် သေးဘူး ဆိုတာ သေချာပါတယ်... ဒါကြောင့် အခြေခံ ဥပဒေကို ငါသမ္မတ မဖြစ်တိုင်း ပြင်ချင်နေတဲ့ Anti စု ရေ... ပြင်မယ် ဆိုလဲ အခြေခံ ဥပဒေမှာ ဘာတွေ ပါတယ် ဘယ်လိုတွေ အဓိပ္ပါယ်သက်ရောက်တယ် ဆိုတာလေးကို သေချာ ဖတ်ပြီးမှ ပြင်ဖို့... အော်ဖို့ အကြံပေးချင်တယ်ဗျာ...

No comments: