Saturday, September 21, 2013

ကားတိုက်ပြန်ပြီး

အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်၍ပြုပြင်နေသည့်ယာဉ်များအား ၀င်ရောက်တိုက်မိ နေပြည်တော်၊ စက်တင်ဘာ ၂၀ ၁၉-၉-၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်ကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၆/၁-၂)ကြား၌ ရန်ကုန်မှနေပြည်တော်သို့ ဒဂုံတောင်မြို့နယ်၊ (၅၇)ရပ်ကွက် နေ သန်းထွန်း(၃၈)နှစ် မောင်းနှင်လာသည့် ၈ဇ/xxxx ဟိုက်အေ့စ်ခဲရောင်ယာဉ်သည် စက်ပျက်၍ လမ်းဘေးသို့ချကာ မြေသားလမ်းပေါ်တွင် ရပ်ထားခဲ့သည်။ ထိုနောက် ရန်ကုန်မှနေပြည်တော်သို့ သာကေတမြို့နယ်နေ ဦးယဉ်ထွေး(၄၃)နှစ်မောင်းနှင်လာသော ၈ဆ/xxxx ယာဉ်အားတားကာ အကူအညီတောင်းပြီး ယာဉ်နှစ်စီးခေါင်းချင်းဆိုင်၍ မီးများဖွင့်ပြီးပြုပြင်နေစဉ် ဒဂုံမြောက်မြို့နယ်၊ (၂၉)လမ်းနေ ခင်ဇော်(၂၈)နှစ်မောင်းနှင်လာသော ၄က/xxxx တိုယိုတာဗင် အဖြူရောင်ယာဉ်သည် ၈ဇ/xxxx ယာဉ်၏၀ဲဘက်တံခါးနှင့်တိုက်မိပြီး ၈ဆ/xxxxယာဉ်၏ ယာဘက်တံခါးအား ထပ်မံတိုက်မိခဲ့ သည်။ ထိုသို့တိုက်မိမှုကြောင့် ၄က/xxxx ယာဉ်မောင်း ခင်ဇော်တွင် ယာပေါင်ကျိုးဒဏ်ရာ၊ ၀ဲခြေဖမိုး စုတ်ပြဲဒဏ်ရာနှင့် ၎င်းယာဉ်ပေါ်ပါ ထွန်းထွန်းဝင်း(၃၆)နှစ်တွင် ၀ဲ/ယာခြေထောက် ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ခင်ဇော်အား အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments: