မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, September 21, 2013
ေ ဆးပြားဖမ်းးမိ
လားရှိုးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၀
၁၉-၉-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုးမူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့အထွက်၊ ဘုံမွန်စိုက်ခင်းအနီး၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်တွင် မူဆယ်မှလားရှိုးသို့ မန္တလေးတိုင်းဒေသကြီး၊ မိတီ်္ထလာမြို့၊ နွားခြံကုန်းရွာ၊ မင်္ဂလာဇေယုံလမ်းနေ စိုးနိုင်ဝင်း(၄၂)နှစ်မောင်းနှင်လာသည့်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၅၀၀၀၀)ပြား၊ အလေးချိန်(၄.၅)ကီလို၊ တန်ဘိုးငွေကျပ်သိန်း(၁၀၀၀)အား သိမ်းဆည်းရမိခဲ့သဖြင့် စိုးနိုင်ဝင်းအား လားရှိုးနယ်မြေရဲစခန်း မယ(ပ)၇၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment