Friday, September 20, 2013

ကိုယ်တွေ့

* ဆရာ ကြယ်ရဲ့ ဆီဒိုးနားကိုယ်တွေ့* ===================== ဆီဒိုးနားအကြောင်းတော့ မပြောနဲ့ဗျာ စိတ်နာတယ် အလုပ်သွားခါနီး ကိုသူရမျိုးက ဆီဒိုးနား ထလုပ်တာနဲ့စိတ်ဝင်စားသွားတာ ဒါမျိုးဆို ဝါသနာက တားမရဘူးတိုကြီး ဘာကြီးလဲဟင်.. ဘာတွေလဲလို့ မေးတော့ နာလဲ တိသေးဘူး ဒေါင်းထားတုန်း နင် တိချင် ရော့ လင့် ဆိုတာနဲ့အပြေးအလွှား သွားဒေါင်းတာအလုပ်သွားဖို့ အိမ်ကထွက်သင့်တဲ့ အချိန်တောင် မေ့သွားတယ် password တဲ့ ... ဒင်းက ဒီအတိုင်းတောင်ဒေါင်းမရဘူး password ခံထားသေးတယ်..ဟင်းဟင်း ဒါမျိုးတော့ ကကြယ်တို့ကို လာမစမ်းနဲ့လက်လျှော့မယ်ထင်လား.. ရေအဆုံး မိုးအဆုံးပဲ အလုပ်နောက်ကျလဲနေပလေစေ့ "တိုကြီးရေ ပတ်စ်ဝေါ့တဲ့" "အော် အေးအေး zkk လို့ ရိုက်ထည့်လိုက်"ရပြီ ဆီဒိုးနား movie က ဘာကြီးလဲ ဘူလေးလဲ ဘာတွေ လုပ်ကြလဲပေါ့နော် ငါ ကြည့်ရတော့မယ် ပြီးရင် ဖွပြီ .. ဒချိဒချိ ရင်တစ်ဖိဖိနဲ့ ဒေါင်းတာကိုစောင့် ရလဲ ရရော ဖွင့်ကြည့်လိုက်တာ.........တစ်ခွေလုံး အမဲကြီးပဲ ပေါ်လာနိုးနိုး ပေါ်လာနိုးနိုးနဲ့ အလုပ်သာ နောက်ကျသွားတယ် မဲမဲကြီးကလွဲပြီး ဘာဆိုဘာ မှ မမြင်လိုက်ရပါဘူးဗျာ ဘယ်သူတွေက ဘာမြင်ရလို့ ဆီဒိုးနား နေကြတာလဲ ကျုပ်တော့ ဆီဒိုးနားဆို စိတ်နာတယ် အလုပ်နောက်ကျတာ မြန်မာငွေ တစ်သောင်းကျော် လစ်သွားတယ် ဆရာ ကြယ်

No comments: