*ပြည်တွင်းထုတ် ROCKER အချိုရည် ဈေးကွက်ကပြန်သိမ်းပြီ* ပြည်တွင်းထုတ် rocker အချိုရည် ဘူးတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပျဉ်းမနား၊ မုံရွာ၊ သထုံ၊ မကွေး၊ တောင်ကြီးစတဲ့မြို့ကြီးတွေရဲ့ အရောင်းဈေး ကွက်နေ ပြန်သိမ်းနေပြီလို့ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာက ပြောပါတယ်။ rocker အချိုရည်တွေကို ဈေးကွက်က သိမ်းရတဲ့အကြောင်းရင်းက ဒီလဆန်းပိုင်းက နေပြည်တော်ဈေး ကွက်မှာ အဲ့ဒီအချိုရည်တွေဟာ မူလအရောင်ပြောင်းတာကနေ စခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအချိုရည်ကုမ္ပဏီက သူတို့ရဲ့ထုတ်လုပ်မှုမှာ ဘေးအန္တရာယ်ဖြစ်စေတဲ့ ဓာတုကုန်ကြမ်းတွေ မပါဝင်ဘူးလို့ ပြောပါတယ်။ အရင်ဈေးကွက်ထဲမှာ ဖြန့်ဖြူးခဲ့တဲ့ rocker အချိုရည်တွေဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲဌာန FDA ရဲ့ ခွင့်ပြုချက်ရယူထားခြင်း မရှိဘူးဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး FDA တာဝန်ရှိသူတွေကို စုံစမ်းမေးမြန်းလို့ မရသးပါဘူး။ ဒါပေမယ့် အချိုရည်တွေကိုဈေးကွက်ကနေ ပြန်သိမ်းပြီးတဲ့အခါ အစားအသောက်နဲ့ ဆးဝါးကွပ်ကဲမှုဦးစီး ဌာနရဲ့ ခွင့်ပြုချက်ကို ရယူပြီး ပြည်တွင်းဈေးကွက်မှာ ဆက်လက်ဖြန့်ဖြူးပေး သွားမယ်လို့ ကုမ္ပဏီရဲ့ အထွေေ ထွ မန်နေဂျာက ပြောပါတယ်။ ရန်ကုန်က စားသုံးသူအများစုကတော့ ပြည်တွင်းထုတ် စားသောက်ကုန်တချို့နဲ့ တရုတ်နိုင်ငံက စားသောက် ကုန်တွေဟာ စားသုံးသူတွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး အာမခံချက်ပေးနိုင်မှုနဲ့ ပတ်သက်ပြီး သံသယ ရှိနေကြတာ ဖြစ်ပါတယ်။ Source:DVB
No comments:
Post a Comment