ကျောက်တောင်ပြိုကျ၍ ၁ ဦးသေ နေပြည်တော်၊ စက်တင်ဘာ ၂၂ ၂၀-၉-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ အမှတ်(၆)ကျေးရွာအနီးရှိ ဇော်ဂျီတောင်တွင် ကျောက်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် သာစည်မြို့နယ်၊ မုံပင်ဆုံရွာနေ အေးလွင်(၂၆)နှစ်ပါ(၁၀)ဦးအဖွဲ့သည် ကျောက်တောင်သို့ရောက်ရှိစဉ် အမြင့်ပေ(၁၀၀)ခန့်ရှိ ကျောက်တောင် ပေါ်မှ ကျောက်တုံး/ခဲများ ပြိုကျထိမှန်ခဲ့သဖြင့် ရေနံချောင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ ဦးချစ်လွင်(၅၂)နှစ်တွင် ၀ဲခြေသလုံးကျိုး၊ ယာခြေဖမိုးပေါက်ပြဲ၊ ၀ဲနံရိုးအောက်နှင့်ခါးဆစ်အထက် ဒဏ်ရာများ၊ အုတ်ဖိုမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာနေ ဦးကျော်ဦး(၃၇)နှစ်တွင် ၀ဲခြေဖမိုးပေါက်ပြဲ၊ ယာနဖူး ၂ လက်မခန့်ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ အဆိုပါဒဏ်ရာရရှိသူများအား လွိုင်လင်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရာ ၀၉၀၀ အချိန်တွင် ဦးချစ်လွင်မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် နမ့်စန်မြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၃)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, September 22, 2013
သေပြန်ပြီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment