Saturday, September 14, 2013

အိမ်တွင်းမူ

လှပစိုပြေ ရတီမေ ------------------ အလှအပကို ထိန်းသိမ်းမယ် ဆိုရင် သဘာဝ နည်းလမ်းက ထိရောက်မှု လည်း ရှိ၊ စိတ်လည်း ချရပါတယ်။ ဒါကြောင့် သဘာဝ တရားထဲက အရာတွေ ဟာ ကျွန်မတို့ အတွက် အလှအပကို ပေးနိုင်တဲ့ အရာ တစ်နည်း အားဖြင့် Passport to Your Beauty ကိုပေါ့။ ဒီ Passport တွေက သင့်အနီး မှာ အများကြီး ရှိနိုင်ပါတယ်။ ဘာတွေဖြစ်မလဲ၊ ဘယ် Passport ကိုတော့ ဘယ်လို အလှမျိုးဆီ ကို သွားရာမှာ သုံးမလဲ လေ့လာရအောင်နော်။ "ရှားစောင်းလက်ပပ်" နေပူတွေထဲ သွားရမယ် ဆိုရင်တော့ နေလောင်ခံတဲ့ Lotion တွေ လူးပြီး ကာကွယ် ရမှာပါ။ ဒါပေမဲ့ မိမိ အသားအရေက အလှကုန် အများစု နဲ့ မတည့် တတ်ဘူး ဆိုရင်ကော။ လွယ်ပါတယ်။ ရှားစောင်း လက်ပပ် အရွက်တစ်ခု ကို ယူပြီး အခွံခွာ ရေဆေးပြီး ခပ်ပါးပါး လှီးလိုက်ပါ။ ပြီးရင် Blender ထဲကို ထည့်၊ အုန်းဆီ ၂ ဇွန်း၊ ၃ ဇွန်း ထည့်ပြီး မွှေပါ။ ပြီးရင် ပုလင်း တစ်လုံးထဲ ထည့်ပြီး ပိတ်ထားပါ။ နေပူဒဏ်ကြောင့် အသားအရေ မခြောက် သွားအောင် အစိုဓာတ်ကို သဘာဝ အတိုင်း ဖြည့်ဆည်းပေးမယ့် ခရင်မ် ဖြစ်သွားပါပြီ။

No comments: