Saturday, September 14, 2013

ခရီးသွား

မြ၀တီနယ်စပ်မှ ၀င်လာသူ နိုင်ငံခြားသားခရီးသည်များအား GSM ဆင်းမ်ကတ် ၁၅၀၀ ကျပ်ဖြင့်ရောင်းချပေး ကျော်ရဲလင်း ရန်ကုန် - စက်တင်ဘာ ၁၃ မြ၀တီအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ပေါက်မှတဆင့် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာသော နိုင်ငံခြားသား ခရီးသည်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။ " ဟိုဘက်ကနေ၀င်လာတဲ့ နိုင်ငံခြားခရီးသည်တွေကို ဒီက GSM ဆင်းမ်ကတ်ကို မူရင်းဈေး ၁၅၀၀ ကျပ်နဲ့ရောင်းပေးနေတာ အခုဆို ကတ် ၆၀ ကျော်ရှိသွားပြီ "ဟု မြ၀တီချစ်ကြည်ရေးတံတားအဖွဲ့ခေါင်းဆောင် လ၀က ဦးစီးမှုး ဦးစိုင်းမြင့်အောင်က ပြောသည်။ နိုင်ငံခြားသားခရီးသည်များအတွက် ၁၅၀၀ GSMဆင်းမ်ကတ်များကို မြ၀တီ နယ်စပ်ဂိတ်ပေါက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချပေးခြင်းဖြစ်ပြီး အခြားနယ်စပ်ဂိတ်ပေါက် ၃ ခုတွင် ရောင်းချပေးခြင်းရှိ မရှိကိုမှု မသိရေသးေ

No comments: