ကဲ ခင်ဗျားတို့ကို ကျွန်တော် တစ်ခုပြောမယ်ဗျာ... ဘာတဲ့ နိုင်ငံတော် အစိုးရက လာဒ်ပေးလာဒ်ယူ ပပျောက်ရေး ဥပဒေ ထုတ်ပြန်တယ် ဟုတ်စ.. ဟား ဟား ရယ်စရာကြီးဗျာ... ရွှေတိဂုံဘုရားရှေ့က ပြည်သူ့ဥယျာဉ်ထဲမှာ shopping mall ဆောက်နေတာ အားလုံးသိမှာပေါ့... မဖြစ်သင့်တဲ့နေရာမှာ ကန့်ကွက်နေတဲ့ကြားကကိုဆောက်နေတာ... ဆောက်နေမှာပေါ့ဗျာ ဆောက်မယ့်ပိုင်ရှင်က ဆောက်ခွင့်ရဖို့ ခွင့်ပြုပေးနိုင်တဲ့တာဝန်ယူထားတဲ့သူကို ရွှေ ၁၃ ပိဿာတိတိ သွား ဂါလိုက်တာကို.. တာဝန်ရှိသူက ရွှေ ၁၃ပိဿာတောင် အိပ်ထဲထည့်ပြီးပြီပဲလေ... ဘယ်လိုလုပ်ပြီး အဲဒီစီမံကိန်းကို ဖျက်သိမ်းပေးမတုန်း... အဲဒီဖြစ်စဉ်ကိုမသိလို့ ကန့်ကွက်နေတဲ့ ပြည်သူတွေကို သနားလိုက်တာဗျာ... ကျွန်တော်လည်း ကိုယ်တိုင်လည်းခံစားလိုက်ရ... မကြာသေးမီကမှ အရုပ်လေးတစ်ရုပ်လို အသက်တစ်ချောင်းကို သဘောထားခံလိုက်ရတဲ့ ဗိုလ်ဇော်မျိုးထက်ကိုလည်း စာနာမိလို့ ယခင်က ကျွန်တော်မပြောပဲ မျိုသိပ်ထားတဲ့ ပုတ်ပွနမ်ဟောင်နေသော သတင်းများကို အများပြည်သူသိအောင် ပြောပြရတာပေါ့... ဒါမှ ငြိမ်းချမ်းရေးကိုဗန်းပြပြီး စကားလုံးလှလှလေးတွေနဲ့ ပြည်သူကို ချွေးသိပ်နေတဲ့ သူတွေရဲ့ မျက်နှာဖုံးကို ခွချဖြစ်ပြီးသားဖြစ်မှာ... စိတ်ချပါ ဒီလုပ်ရပ်တွေကို ပြည်သူသိအောင်သာ ရေးသားတာ နိုင်ငံတော်အတွက်ဖြစ်လို့ ပုဂ္ဂိုလ်ရေးလည်းမပါဝင်လို့ နာမည်တော့ အတိအကျမရေးပေးတော့ပါ... ဒါပေမယ့် ဘယ်သူဘာလုပ်နေတယ်ဆိုတာတော့ ပြည်သူအနေနဲ့ သိသင့်ပါတယ်... ဟိုလို မီဒီယာတွေလိုတော့ ကျွန်တော် သပုတ်လေလွင့်အပုတ်ချတတ်တဲ့ကောင် မဟုတ်ပါဘူးဗျာ... သို့ပေမယ့် တရားမျှတမှု အစစ်အမှန်ဆိုတာတော့ တစ်နေ့ တွေ့မြင်ရမှာပါ.. ခံစားချက်များစွာဖြင့် ဝေဟင်ချစ်သူ
No comments:
Post a Comment