Thursday, September 19, 2013

အရက်မူး၍လူသတ်

ယခင်အရက်မူးဆဲဆိုကိစ္စကြောင့် လူသတ်မှုဖြစ် နေပြည်တော်၊ စက်တင်ဘာ ၁၈ ၁၆-၉-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာနေ ဦးဆန်းခ(၅၇)နှစ်သည် နေအိမ်တွင်ရှိနေစဉ် ယောက်ဖဖြစ်သူ သန်းခိုင်(၄၂)နှစ်၏ဇနီး မဟန်ကြည် (၄၀)နှစ်ရောက်ရှိလာပြီး သန်းခိုင်မှာ နေအိမ်တွင်သေဆုံးနေကြောင်း လာရောက်ပြောပြသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ သွားရောက်အကြောင်း ကြားခဲ့သည်။ စုံစမ်းချက်အရ သန်းခိုင်သည် ၁၅-၉-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန်ခန့်က တစ်ရွာတည်းနေ မောင်လင်း(ခ) ကတုံး(၂၉)နှစ်နှင့် ဦးထွန်းပို၏နေအိမ်သို့ အလည်သွားစဉ်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် လွန်ခဲ့သော(၁၀)ရက်ခန့်က မောင်လင်း(ခ) ကတုံးအား သန်းခိုင်မှ အရက်မူးပြီးဆဲဆိုကြိမ်းမောင်းခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာ မောင်လင်း(ခ)ကတုံးမှ သန်းခိုင်အား အရှည် ၂၃ လက်မ၊ ဗျက် ၃ လက်မ၊ ထု ၁ လက်မခွဲခန့်ရှိ သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့၍ ဦးခေါင်းယာဘက်ချိုစောင်းတွင် (၂)လက်မခန့်ပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းဒဏ်ရာအား ဆေးကုသမှု မပြုဘဲ နေအိမ်၌သာနေခဲ့ရာမှ ယနေ့နံနက်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် သန်းခိုင်အားအရေးယူပေးရန် တိုင်တန်းခဲ့ရာ ဗဟင်းနယ်မြေရဲစခန်း (ပ)၃၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments: