မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, September 19, 2013
သေမူသေခင်း
သေမှုသေခင်းများဖွင့်လှစ်စစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၁၈
၁၆-၉-၂၀၁၃ ရက်နေ့ ၀၆၀၅ အချိန် အဆိပ်သောက်၍ ဆေးကုသရန်ရောက်ရှိနေသော လူနာတစ်ဦး သေဆုံးသွားကြောင်း နတ်မောက်ပြည်သူ့ဆေးရုံကြီးမှ ဖုန်းဖြင့်အကြောင်းကြားချက်အရ နတ်မောက်မြို့နယ်၊ စိုင်ကောင်း နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ နတ်မောက်မြို့နယ်၊ မြင်းတဲကြီး(တ)ရွာနေ တင်အောင်(ခ)ဖိုးထောင်(၃၃)နှစ် ဖြစ်ပြီး ၁၅-၉-၂၀၁၃ ရက်နေ့ ၂၃၀၀ အချိန် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ၀ါခင်း၌သုံးသော ““အင်ဖာနို””ပိုးသတ်ဆေးအား သောက်ခဲ့ကြောင်း၊ ၁၆-၉-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မိဘများနှင့်အတူ နတ်မောက်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန်ရောက်ရှိလာပြီး ဆေးကုသနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စိုင်ကောင်း နယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။
ထို့အတူ ယင်းနေ့ ၁၄၃၀ အချိန် ပခုက္ကူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတွင် လူတစ်ဦး ရေနစ် သေဆုံးနေကြောင်း အကြောင်းကြားချက်အရ ပခုက္ကူမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ရေနစ်သေဆုံးသူမှာ ၎င်းရွာနေ ဦးတင်တိုး(၅၆)နှစ် ဖြစ်ပြီး မြစ်ရေတက်၍ရေ၀င်နေသော ၎င်း၏နေအိမ်တန်းလျားပေါ်မှ ရေထဲသို့ပြုတ်ကျကာ မှောက်လျက်အနေအထားဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရသည်။ ထို့ပြင် ညီမဖြစ်သူ ဒေါ်ထွန်းမေ၏ ပြောပြချက်အရ ဦးတင်တိုးမှာ အကြောတက်ရောဂါရှိကြောင်း၊ တန်းလျားပေါ်တွင် အိပ်ပျော်နေစဉ် အကြောတက်ရောဂါပြန်ထပြီး ရေထဲသို့ပြုတ်ကျကာ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ပခုက္ကူမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေး လျက် ရှိကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment