Sunday, September 22, 2013

စစ်ခေါင်းဆောင်များရဲ့

စစ်ခေါင်းဆောင်များ ဧ။် စင်ကာပူ ဘဏ် နှစ်ဘဏ်မှ ငါးဘီလီယံကိစ္စ စွမ်းအင်ဝန်ကြီး ငြင်း =========================================== အောင်သူ(ဒေးဒရဲ) ၊ မောင်ပိုင် ရန်ကုန် ၊ စက်တင်ဘာ ။ ။ မြန်မာ စစ်ခေါင်းဆောင်များသည် ပြီးခဲ့ သည့်ကိုးနှစ်အတွင်း ရတနာဂက်စ် ပိုက်လိုင်းမှရရှိသော အမြတ်ငွေ အမေရိကန်ဒေါ်လာ ငါးဘီလီယံ ကို စင်ကာပူဘဏ်နှစ်ခုတွင်အပ် နှံထားသည်ဆိုသည့် EIA (Earth Right International) က အစီ ရင်ခံစာထုတ်ပြန်လိုက်သည့် သ တင်းနှင့်ပတ်သက်၍ စွမ်းအင်ဝန် ကြီးဌာနဒုတိယဝန်ကြီး ဦးမြင့် ဇော်က ငြင်းဆိုလိုက်သည်။ စွမ်းအင်ဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံခြားဘဏ်များတွင် ငွေစာ ရင်းဖွင့်ထားခြင်း လုံးဝမရှိကြောင်း စက်တင်ဘာ၂ဝရက်က နေပြည် တော်၌ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲတွင် ဒုဝန်ကြီး ဦးမြင့်ဇော် က အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့နေမှုအပေါ်တွင် ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်ဇော်က ''ကျွန်တော် တို့က သဘာဝဓာတ်ငွေ့တွေ ပြည် ပကိုရောင်းမယ်ဆိုရင် အရင်ဆုံး အနေနဲ့ မြန်မာနိုင်ငံကုန်သွယ်မှု ဘဏ်မှာ အကောင့်အနေနဲ့ အ ရင်ဖွင့်ရပါတယ်။ အခုလို အင်တာ နက်မှာပျံ့ နှံ့နေတဲ့ သတင်းက မမှန် ကန်ပါဘူးလို့ ကျွန်တော်ပြောချင် ပါတယ်။ ဒါလုံးဝမဟုတ်ပါဘူး''ဟု ပြောသည်။ Oversea Chinese Banking Corporation နှင့် DBS Group ဘဏ်နှစ်ခုတွင် ရတနာသဘာဝ ဓာတ်ငွေ့စီမံကိန်းမှရရှိသောငွေ များကို အပ်နှံထားခြင်းဖြစ်ကြောင်း ဓာတ်ငွေ့ရောင်းချမှုမှာ လစဉ် အမေရိကန်ဒေါ်လာသန်း ၁၅၀ ပုံမှန်ရရှိနေ ကြောင်း EIA(Earth Right International)၏ အစီရင် ခံစာကိုကိုးကား၍ ပြည်ပသတင်း စာတစ်ခုကလည်း လွန်ခဲ့သော ရက်ပိုင်းက ဖော်ပြထားကြောင်း လည်း သိရသည်။ ဦးမြင့်ဇော်က ''ရငွေနဲ့ပတ် သက်ပြီး MFTB မြန်မာနိုင်ငံကုန် သွယ်မှုဘဏ်ကိုဝင်ရပါတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့စွမ်းအင်ဝန် ကြီးဌာနအနေနဲ့ နိုင်ငံခြားကုမ္ပဏီ တစ်ခုခု၊ ဘဏ်တစ်ခုခုမှာ ငွေစာ ရင်းဖွင့်လှစ်ထားခြင်းမရှိပါဘူး''ဟု ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာ ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။ ယင်းအပြင် အခြားမည် သည့်အကြောင်းအရာတစ်ခုမှ ဖြည့်စွက်ဖြေကြားခြင်းမရှိကြောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဝန် ကြီးဌာနတို့မှ ယင်းအကြောင်းအ ရာပေါ် ဖြည့်စွက်ဖြေကြားခြင်း လည်းမရှိခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့သတင်းများထွက် ပေါ်လာပြီး စက်တင်ဘာ၂ဝရက် က နေပြည်တော်၌ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲတွင် ယင်းကိစ္စနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်မှ ယခု ကဲ့သို့ ငြင်းဆိုလိုက်သည့်အပြင် ပြည်ပတွင် နိုင်ငံခြား ငွေစာရင်း ငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားသည်ဆိုသည့် သတင်းကိုလည်း ဘဏ္ဍာရေးဝန် ကြီးဦးဝင်းရှိန်နှင့် ယင်းအပ်နှံထား ခြင်းတွင် ပြည်ထောင်စုဝန်ကြီး တစ်ဦးပါဝင်နေသည့်အပေါ်တွင် လည်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်တို့က အ သီးသီးငြင်းဆိုခဲ့ကြောင်း သိရ သည်။ media group

No comments: