Friday, September 13, 2013

စီးပွားရေး

ကမ္ဘာ့ဘဏ်ဆိုတာ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၈၈ နိုင်ငံရဲ့ ထည့်ဝင်ငွေတွေနဲ့ အတိုးနှုန်းသက်သာစွာနဲ့ လိုအပ်တဲ့ နိုင်ငံတွေကို ဖွံ့ဖြိုးရေးအတွက် ကူညီသောအားဖြင့် ထုတ်ချေးပေးနေတဲ့ ဘဏ်ဖြစ်ပါတယ်။ ထည့်ဝင်ငွေပမာဏပေါ် မူတည်ပြီးတော့ ဒါရိုက်တာအဖွဲ့က ဒါရိုက်တာ ဦးရေ အချိုးချနဲ့ မဲပေးခွင့် အချိုးကျ ရရှိတဲ့ ဘဏ်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက အများဆုံး ထည့်ဝင်ပြီးတော့များသောအားဖြင့် ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရာထူးနဲ့မဲပေးပိုင်ခွင့် ၁၇%ခန့်ပိုင်ထားတာဖြစ်ပါတယ်။ သီးခြားဒါရိုက်တာ တစ်ဦးစီနဲ့ မဲပေးပိုင်ခွင့်များများရထားတဲ့ နိုင်ငံတွေက ယူကေ၊ ပြင်သစ်၊ ဂျပန်၊ ဂျာမဏီတို့အပါအ၀င်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အခြား ၁၁ နိုင်ငံပေါင်းပြီးတော့ ဒါရိုက်တာ တစ်ဦး ခွဲတမ်းရတယ်လို့ သိရပါတယ်။ လောလောဆယ် မလေးရှားနိုင်ငံက ဒါရိုက်တာ တာဝန်ကို ဆောင်ရွက်နေပါတယ်။ မဲပေးခွင့်ကလည်း ၃% ခန့်ရှိတယ်လို့ သိရပါတယ်။ ဆိုလိုချင်တာက ကမ္ဘာ့ဘဏ်ဆိုတာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ထည့်ဝင်ထားတာက လွဲလို့ နိုင်ငံအလိုက်သော်လည်းကောင်း၊ ပုဂ္ဂိုလ်က တစ်ဦးချင်း အလိုက်သော်လည်းကောင်း အပ်ငွေများကို လက်ခံတဲ့ ဘဏ်မျိုး မဟုတ်ဘူး လို့ နားလည်ထားပါတယ်။ ဒီအချက်တွေကိုလည်း စက်တင်ဘာ ၁၀ ရက်နေ့က မီဒီယာလိုင်ဘရီမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မစ္စတာဂါစီယာ ကလည်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ မစ္စတာဂါစီယာအနေနဲ့ BIG ရဲ့ အာရှဆိုင်ရာဒေသမန်နေဂျာဖြစ်တဲ့အကြောင်း မိတ်ဆက်ပြောကြားခဲ့သလို၊ လိပ်စာကဒ်တွေကိုလည်း တက်ရောက်ခဲ့တဲ့ မီဒီယာသမားတိုင်းကို ပေးဝေတယ်လို့ ကြားသိရပါတယ်။ စဉ်းစားနိုင်စေဖို့ ပြန်လည် မျှဝေခြင်းသာ ဖြစ်ပါတယ်။ မေသင်္ကြန်ဟိန်(မြစ်မခ)

No comments: