Saturday, July 30, 2016

#မြန်မာ့ဥပဒေကိုမျက်ကွယ်ပြု၍ #ရှရီယာကိုနှပ်ကြောင်းပေးချင်၍လော...ပညာရှင်များသိစေရန်..



မောင်ဖုန်းမိုအောင်(ခ) ရာမသွလ္လာ
(ALE-013284) သိစေရန် (အကြောင်းကြားစာ)

ရန်ကုန်မြို့ အလုံမြို့နယ် စောရန်ပိုင် (မြောက်) ရပ်ကွက် ဆင်စွယ်လမ်း အမှတ် ၂၆ မြေညီထပ်နေ ဒေါ်သန်းမြင့်၏ သားဖြစ်သူ မောင်ဖုန်းမိုအောင် (ခ) ရာမသွလ္လာ(ယခု နေရပ်လိပ်စာမသိ) သိစေရန်ဖြစ်သည်။ ဇနီးဖြစ်သူ မနန်းဟွမ်နွန်းကျောက် ခ ဆာဂျေဒါးဘီ  ၁၃/ကတန (နိုင်)၁၂၁၁၆၉ မှ ၎င်းသည် ခင်ပွန်းဖြစ်သူ မောင်ဖုန်းမိုအောင် ခ ရာမသွလ္လာ နှင့်  မည်သည့်နည်းနှင့်မျှ မပေါင်းသင်းနိုင်တော့သည့်အခြေအနေအရ ဇနီးဖြစ်သူက #မြန်မာနိုင်ငံလုံးဆိုင်ရာ #မော်လဝီအဖွဲ့ချုပ် (ဗဟို)  #အစ္စလာမ့်ရေးရာခုံရုံးတွင် အစ္စလာမ်ဘာသာရေးအရ လင်မယား ကွာရှင်းလိုမှု လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ အထက်အမည်ပါ မောင်ဖုန်းမိုအောင် ခ ရာမသွလ္လာမှ ဇနီးဖြစ်သူ၏လင်မယားကွာရှင်းလိုမှု လျှောက်ထားချက်အပေါ် ထုချေရှင်းလင်းတင်ပြရန် ၆-၈-၂၀၁၆ ရက် မွန်းလွဲ ၃ နာရီတွင် #မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ့ချုပ် (ဗဟို) #အစ္စလာမ့်ရေးရာခုံရုံးသို့... အောက်တွင်ဖော်ပြထားသောလိပ်စာအတိုင်းလာရောက်ရမည်။

သင်သိစေသည်မှာ ဆိုခဲ့သည့်နေ့ရက်တွင် ကာယကံရှင်အသင်ကိုယ်တိုင်မှ မလာရောက်ပျက်ကွက်ခဲ့လျှင် ဘာသာရေးအရ လျော်ကန်သင့်မြတ်သလို ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိစေပါသည်။

အလ်ဟာဂ်ျ အွတ်စ်တာဇ် ဦးကျော်စိုး (စာရေးဆရာ) အထွေထွေအတွင်းရေးမှုးချုပ်
#မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ့ချုပ် (ဗဟို)
အမှတ် ၇၉၊ ၆ လွှာ  ဗိုလ်ဆွန်ပက်လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့။ ဖုန်း ၀၁.၂၄၁၇၁၇
၀၉.၅၀၈၄၅၈၇.


No comments: