Saturday, March 26, 2016

အရက် အလွန်အကျွံ မသောက်ရေး လှုပ်ရှားမှု လုပ်


နေပူချိန်မြင့်မားတဲ့ကာလမှာ အသက်အန္တရယ်ရှိတာကြောင့် အသိရှိစေချင်တဲ့ သဘောနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။
play

အပူချိန် အလွန်အကျွံ မြင်းမားနေတုန်းမှာ အရက်ကိုလည်း တအားကြီးမသောက်ကြဖို့အတွက် အရက်အလွန်အကျွံမသောက်ရေးလှုပ်ရှားမှုကို မြို့ ၅ မြို့မှာ ပြုလုပ်ခဲ့ပြီး ဆက်လက်အရှိန်မြှင့်လုပ်ဆောင်ဦးမယ်လို့ သိရပါတယ်။
လင်းရောင်ခြည် အမည်ရ လူမှုရေးအဖွဲ့အစည်းက လှုပ်ရှားမှုကို ပြုလုပ်တာဖြစ်ပြီး လဘက်ရည်ဆိုင်တွေမှာ အရက်ကိုချင့်ချိန်သောက်ကြဖို့ စတစ်ကာတွေကို ဖြန့်ဝေထားပါတယ်။ နေပူချိန်မြင့်မားတဲ့ကာလမှာ အသက်အန္တရယ်ရှိတာကြောင့် အသိရှိစေချင်တဲ့ သဘောနဲ့ လုပ်ဆောင်တာဖြစ်ပြီး အဖွဲ့ဝင်တွေက ကိုယ့်ဘာကိုယ် ရန်ပုံငွေထည့်ဝင်ကြတာ ဖြစ်တယ်လို့ အဖွဲ့ကို ဦးဆောင်လှုပ်ရှားသူ ဒေါ်မေသူက ပြောကြားထားကြောင်း 7Day Daily က ဖော်ပြထားပါတယ်။
လင်းရောင်ခြည် အရက်အသိပညာပေးအဖွဲ့ဟာ ရန်ကုန်၊ ပန်းတနော်၊ ကြံခင်း၊ နတ္တလင်းနဲ့ ကသာမြို့တွေမှာ လှုပ်ရှားမှုတွေ ပြုလုပ်နေပြီး အဖွဲ့ဝင်ဦးရေ  ၃၀ ရှိတယ်လို့ သိရပါတယ်။
Photos & Source: 7Day Daily, Coconut Yangon

No comments: