Sunday, March 27, 2016

ဒေါ်စုထောက်ခံသူတွေ ကို ကျမမေးချင်တာက ( ၅၉ - စ ) လို ဥပဒေ မရှိတဲ့ နိုင်ငံ ဒီကမ္ဘာမှာ ရှိပါသလား …

ဒေါ်စုထောက်ခံသူတွေ ကို ကျမမေးချင်တာက ( ၅၉ - စ ) လို ဥပဒေ မရှိတဲ့ နိုင်ငံ ဒီကမ္ဘာမှာ ရှိပါသလား …
.
နိုင်ငံတစ်ကာ ဥပဒေတွေနဲ့ ယှဉ်ရင် မြန်မာ နိုင်ငံက ( ၅၉ - စ ) ဥပဒေက အတော်ကို လျှော့ရဲလွန်းတယ်လို့ ကျမထင်ပါတယ် ။
.
ဒေါ်စုရဲ့ မိခင်နိုင်ငံ အင်္ဂလန် … နောက် ဒေါ်စုသားရဲ့ မိခင်နိုင်ငံ အမေရိကန် ပြီးတော့တစ်ခြား ဒီမိုကရေစီဘိုးအေ နိုင်ငံတွေမှာ ….
သူတို့ နိုင်ငံတော်ရဲ့ ဘာသာဝင် မဟုတ်သူကို သမ္မတမပြောနဲ့ ၀န်ကြီးရာထူး ပြီးတော့ လွှတ်တော်ထဲက ဥပဒေပြုခွင့်ရတဲ့ အမတ်တွေကိုတောင် မပေးပါဘူး။
.
နိုင်ငံခြားသားနဲ့ ညားသူ မိမိ မိဘ အဖိုး အဖွား နဲ့ မိမိ မိသားစု ထဲမှာ နိုင်ငံခြားသစ္စာ ခံသူရှိနေရင် လွှတ်တော်ထဲကို ပေးမ၀င်ပါဘူး ။
.
တစ်ကမ္ဘာလုံးမှာပါ …. ကြိုက်တဲ့သူ သက်သေရှာပြပါ … ဘယ်နိုင်ငံမှာ နိုင်ငံခြားသား ခံယူထားသူရဲ့ မိသားစုဝင် တစ်ယောက် တစ်လေ လွှတ်တော် ထဲဝင် ခွင့်ရပါသလဲ။
.
( ၅၉ - စ ) ဆိုတာ ဒေါ်စုအတွက်လုပ်ထားတာလို့ ပြောနေသူတွေ ဒီလောက်ဆိုနားလည် နိုင်ပြီထင်ပါတယ် ….
.
ဒါဆိုဒေါ်စု သမ္မတ မဖြစ်နိုင်တော့ဘူးလား လို့မေးရင်
သိတ်ဖြစ် နိုင်တာ ပေါ့လို့ ဖြေရ မှာပေါ့ ….
ဒေါ်စု သမ္မတ ဖြစ်ဘို့က လွယ်လွယ်လေး …..
သူမွေးထားတဲ့ သူ့ဖင်ထဲကထွက်လာတဲ့ သားနှစ်ယောက် မြန်မာ နိုင်ငံသား ခံယူ သူကိုယ်တိုင်နဲ့ သူ့သားနှစ်ယောက် အင်္ဂလန် အမေရိကန် ပါ့စ်ပို့ကို တရားဝင် စွန့်လွှတ် ရင်ဒေါ်စု မြန်မာနိုင်ငံမှာ အချိန်မရွေး သမ္မတ ဖြစ်ပါတယ် …

.
ကျမစဉ်းစားလို့မရတာက …. သူနဲ့သူ့သားနှစ်ယောက် ဒီလိုလေး လုပ်ရင် ရနိုင်ပါလျှက်နဲ့ …. မြန်မာတစ်နိုင်ငံလုံးနဲ့ …. မြန်မာနိုင်ငံရဲ့ အသက် ( ၅၉ - စ ) ဆိုတဲ့ အရေးကြီးဆုံး ဥပဒေကိုပဲ ပြောင်းပေးပါလို့ တွင်တွင် အော်နေတာ ဟာ …. ဘယ်သူ့အတွက်လည်း သူ့အတွက် မဟုတ်တာတော့ သေချာနေပြီ ။
.
သူ့သားနှစ်ယောက် ရပ်ကွက် ပတ်ပြီး ဟိုနိုင်ငံသားခံယူလိုက် ဒီနိုင်ငံသား ခံယူလိုက် မကြာခင် သူ့သားအငယ်က အာဖရိက နိုင်ငံ သားတောင် ပူးတွဲ ခံယူ တော့မယ့်ဟာ….
.
သူ့သားနှစ်ယောက်မြန်မာနိုင်ငံသားခံယူယုံနဲ့ ပြီးတဲ့ပြသနာကို …
ဘာကြောင့် မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကလမ်းထွက် အသေခံပြီး … မြန်မာနိုင်ငံတော်ရဲ့ အခြေခံ ဥပဒေကို ပြင်ပေးရမှာတုန်း …
.
သူ့သားနှစ်ယောက် ( မွတ်စလင်နဲ့ ခရစ်ယန် ) က … မြန်မာ တစ်နိုင်ငံ လုံးက ပြည်သူတွေရဲ့အသက်နဲ့ မြန်မာနိုင်ငံတော်ရဲ့ ဥပဒေ နှစ်ခုပေါင်း ထက် ပိုတန်ဘိုးရှိနေလား။
.
အဲ့လိုတွေ စတေးပြီး ပြောင်းပေး ရလောက်အောင် တန်ဘိုးရှိမယ်လို့ ရှင်တို့ ထင်လား ရှင် ။
.
သူ့မွေးထားတဲ့ သားနှစ်ယောက် ကို မိခင်တစ်ယောက်အနေနဲ့ နိုင်ငံသား ခံယူဘို့ ပြောယုံ သိတ်လွယ်တဲ့အလုပ်ကိုတော့မလုပ်ပဲ
ပြည်သူသန်း ( ၆၀) ရဲ့ ကံကြမ္မာနဲ့ လဲပြီးတော့ … နိုင်ငံတော် ဥပဒေပဲ ပြင်ပေးပါ ဆိုတော့ …. စဉ်းစားစရာပါပဲ။
.

Credit>>> မယ်မဒီ

No comments: