Monday, March 28, 2016

မဘသ (ဗဟို) ဆရာတော်များနှင့် အမေရိကန် သံရုံးတွေ့ဆုံဆွေးနွေး @@@@@@@@@@@@@@@@@@@@@@

မဘသ (ဗဟို) ဆရာတော်များနှင့် အမေရိကန် သံရုံးတွေ့ဆုံဆွေးနွေး
@@@@@@@@@@@@@@@@@@@@@@

အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) ရုံးတွင် ငါးကျမ်းပြန်ဆရာတော် ဘဒ္ဒန္တဒေါက်တာ ဓမ္မပီယ Ph.D, (USA) ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ MRTV-4 ဆရာတော် အရှင်ကဉ္စနောဘာသ၊ ဓမ္မ၀ီရ ဒေါက်တာအရှင်တေဇနိယ တို့နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံမှ တာဝန်ရှိသူများနဲ့ (၁) နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

မဘသ သည် အမေရိကန်သံရုံး EU စသည့်နိုင်ငံတကာအဖွဲ့အစည်းများနှင့် အမြဲလိုလို တွေ့ဆုံမှုများရှိပြီး မဘသ ၏ အမျိုးဘာသာ၊ သာသနာ ရေးဆိုင်ရာ သဘောထားများ လုပ်ဆောင်မှုများကို သိရှိနားလည်သွားကာ ကမ္ဘာမှာ မဘသလို လူသားကမ္ဘာကို ငြိမ်းချမ်းသည့်နည်းဖြင့် အကျိုးပြုနေသည့် အဖွဲ့အစည်းများ အမြောက်အများရှိသင့်ပါကြောင်း မှတ်ချက်ပြု အားပေးမှုများလည်းရှိပါသည်။

မဘသ ၏လမ်းစဉ်ကို ကျနစွာအမှန်အတိုင်းသိရှိသူတိုင်း မဘသကို အားပေးထောက်ခံ ၀န်းရံကြပေသည်။ မဘသ ၏ လမ်းစဉ်အမှန်ကို ကျနသေချာသိရှိအောင် ကြိုးစားနိုင်ကြပါစေ ။ တန်ဖိုးထားနိုင်ကြပါစေ။

လှည့်ပတ်ခံခြင်း အဆိပ်အတောက်များ။ လိမ်ညာ လှည့်စားခြင်း အမှောက်ပယောဂများ ကင်းစင်ပပျောက်ကာ အမှန်မျက်စေ့ဖြင့် ပကတိအတိုင်း မြင်နို်င်ကြပါစေ။

"ဓမ္မ၀ီရ ဒေါက်တာအရှင်တေဇနိယ"

28.3.2016

Credit-----Dhammavira Ashin

No comments: