Monday, October 26, 2015

ကျမအတွေး ကျမ အမြင်.......

......ကျမအတွေး ကျမ အမြင်.......

ဦးသိန်းစိန်က နတ်ပြည်ကလာတာ မဟုတ်သလို
ဒေါ်စုကလဲ သိကြားမင်းက အရည်အချင်းပြည့်ပါတယ်ဆိုပြီး
လူ့ပြည်လာပို့ ထားတာမဟုတ်ဘူး.....
ခေတ်အဆက်ဆက်က ပျက်ဆီးယိုယွင်းလာတဲ့
နိုင်ငံတော်ကို ဦးသိန်းစိန် တာဝန်ယူတာ ၅နှစ်
မပြောင်းလဲဘူးလို့ မငြင်းနဲ့ ပြောင်းလဲတာကိုလဲ လက်ခံပေးလိုက်
ဒါမှ နိုင်ငံရေးမှာ သဘာဝကျမယ်
ဆဲတာကတော့ အဖြေမဟုတ်သေးဘူး.......

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တစ်ယောက်အနေနဲ့
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ
ထောက်ပြနိုင်လောက်အောင် ဆောင်ရွက်တာ မတွေ့ရသေးဘူး
အရေးအကြောင်းဆို ဆန္ဒပြမယ် လမ်းပေါ်ထွက်မယ်
လူထုအုံကြွတယ် ပြည်သူနဲ့ ရဟန်းသံဃာတွေ
သွေးမြေကျခံပြီး ပေးဆပ်လိုက်တယ်.......
မလေးရှားမှာ မြန်မာတွေကို ဘင်္ဂါလီ တွေက အနိုင်ကျင့်တယ်
ရခိုင်ကိစ္စ
မိထ္ထီလာ ကိစ္စ
လောက်ကိုင်စစ်ပွဲ
တိုင်းရင်သားလက်နက်ကိုင်တွေနဲ့အရေး
တစ်ခြားသော ပြည်တွင်း မငြိမ်မသက်ဖြစ်နေတာကို
နိုဗယ်ဆုကို ကိုင်ပြီး လက်ပိုက်ကြည့်နေတယ်
သမ္မတမဖြစ်သေးလို့ပါလို့ မပြောနဲ့
နိုဗယ်ဆုရဲ့ အဓိပ္ပါယ် က ငြိမ်းချမ်းရေးလုပ်ဖို့အတွက်ပဲ
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စဆိုရင် တတ်နိုင်တဲ့ဘက်က
ဝင်ပြီးဆောင်ရွက်ရမှာ နိုဗယ်ဆုရှင်တွေ အလုပ်

ဒီဆုကလဲ ဒေါ်စုယောက်ျားနဲ့ ဗြိတိသျှ သံရုံးရဲ့ ကြိုးစားမှု့ကြောင့်ဆိုတာ အထင်အရှားပဲ.........
ဒေါ်စု ငြိမ်းချမ်းရေးဖော်ဆောင်နေလို့ရတာလို့ ရာနှုန်းပြည့်အာမ မခံပါဘူး
ဒေါ်စုသမိုင်း ရုပ်ရှင်မှာ ပြန်ကြည့်ပါ

လွှတ်တော်ထဲရောက်သွားတဲ့ သုံးနှစ်အတွင်း
ပြည်သူအကျိုးပြု အဆို တစ်ခုမှ မတင်သွင်းနိုင်ဘူး
တစ်ခြားပါတီတွေ တင်သွင်းသမျှ အဆိုအားလုံး
ငုတ်တုတ်ထိုင်ပြီး ကန့်ကွက်နေတယ်
ပြဿနာ တစ်ခုဖြစ်လာပြီဆိုရင်
အဖေအရင်းခေါက်ခေါက်ရဲ့ ဘာသာနဲ့ လူမျိုးကိုပစ်ပြီး
တိုင်းတစ်ပါးသားတွေဘက်ကို ပြေးကပ်တယ်
ဘယ်လိုယုံကြည်ရမှာလဲ ဘယ်လို အားကိုးရမှာလဲ
အနောက်နိုင်ငံက ဖြူဆိုရင်ဖြူ မဲဆိုရင်မဲ
ကိုယ်ပိုင်းအတွေး ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်တာ ရှိခဲ့ဖူးပါသလား

သံဃာတော်တွေအနေနဲ့ ဘယ်ပါတီတက်လာတက်လာ
သူတို့အတွက်အရေးမကြီးဘူး ဝင်မပါပဲဘေးကထိုင်ကြည့်နေလို့ရတယ်
ဒါပေမယ့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်လာတဲ့
မြတ်ဗုဒ္ဓ ရဲ့ သာသနာတော်အတွက် သူတို့မှာ ကာကွယ်ပိုင်ခွင့်ရှိတယ် စစ်အစိုးကို ချစ်လွန်းလို့ မေတ္တာ ရှိလို့ရယ်တော့မဟုတ်ဘူး ဒေါ်စုရဲ့ ပါတီ အနေနဲ့ သာသနာရေးဘက်မှာ
လုံလောက်တဲ့ ယုံကြည်ချက် မပြနိုင်လို့သာ
မချစ်သော်လဲ အောင့်ကာနမ်းဆိုတာလို ရွေးချယ်ရပြန်တယ်
တစ်ချိန်က အတိုင်းအတာ တစ်ခုထိ သံဃာတွေ ထောက်ခံမှု့နဲ့
နေရာရခဲ့တာဆိုရင် ဘဝမမေ့တတ်ဖို့လိုတယ်......
ခုချိန် သင်မှာ နားကောင်းသေးတယ်ဆိုရင် နားထောင်ကြည့်ပါ
``ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က ချက်ချင်းလွှတ်´´ဆိုတဲ့ သံဃာတွေ ရဲ့အသံ လေထဲမှာ ပဲ့တင်ထပ်နေတုန်းပဲ အဲ့ဒီတုန်းက ဘုန်းကြီး အလုပ်ဘုန်းကြီးလုပ်လို့ ဘယ်သူပြောခဲ့ဖူးလဲ....

မြန်မာပြည်အရေးလုပ်မယ် မြန်မာပြည်ကိုတကယ်ချစ်တယ်ဆိုရင်
ဘင်္ဂါလီ အရေးကို စွန့်ရမယ်
ဘင်္ဂါလီ အရေးကို လုပ်မယ်ဆိုရင် မြန်မာနိုင်ငံ ကို စွန့်ရမယ်
ဒေါ်စုဘာကို ရွေးမလဲ
အဖြေကရှင်းရှင်းလေးရယ်ပါ
ဒီလိုပြောရင် ဘင်္ဂါလီ တွေကို အမေစုက သွင်းတာလား
လာမေးအုံးမယ်
လွှတ်တော်ထဲမှာ ဒီကိစ္စ ကို မြန်မာပြည်သူတွေဘက်ကနေရပ်ပြီး
ကန့်ကွက်ပစ်လိုက်ပါ မဲလှည့်ဆွယ်နေစရာမလိုပါဘူး
အိမ်ထဲထိုင်ပြီး မဲတွေ သဲ့ယူရုံပါပဲ....
စိမ့်ဝင်နေတဲ့အပေါက်ကို ပိတ်ဖို့မကြိုးစားပဲ အပေါက်ချဲ့တယ်
အစိုးရဖွဲ့နိုင်ရင် တံခါမရှိဓားမရှိ ဝင်စေထွက်စေ အပေါက်ဖွင့်ပေးမှာ
ဒါကိုကြိုမြင်လို့ ရဟန်းရှင်လူ ကန့်ကွက်တာ စစ်တပ်ကို
ဘောမတယ်ထင်နေရင်တော့ ရှင်းမပြတတ်တော့ဘူးရှင်....

ဘယ်ကလာမှန်းမသိ နိုင်ငံရေးနားမလည် ဘာသာရေးကမတူညီတဲ့သူတွေ အောင်ဆန်းသွေးဆိုပြီး စာကပ်လို့ကပ်
တိုက်ပုံဝတ်ပြီး အမေစု အော်တဲ့သူကအော်....
တကယ်တိုင်းပြည်ချစ်တဲ့သူတွေ အနစ်နာခံခဲ့သူတွေကျပြန်တော့
NLDမှာက မရှိကြတော့ပြန်ဘူး
ပါတီထဲဝင်ပြီး လေ့လာတော့ ဒူးကျိုးနဲ့မောင်းပျက်
ဂျိုကျိုးနဲ့ နားရွက်ပဲ့တွေပဲကျန်တော့တယ်......
လောက်လောက်ငှငှ အားကိုးစရာ ကိုယ်စလှယ်လောင်းကမရှိ
ကိုယ့်ပါတီ ဘာကြောင့်မထောက်ခံလဲ ဘာတွေလိုအပ်နေသလဲ
ဘာတွေပြုပြင်ရမလဲ ဘာတစ်ခုမှ ပြန်မဆန်းစစ်ဘူး
ငါကပညာတတ် ငါကနိုဗယ်ဆုရှင် ငါ့အဖေကဗိုလ်ချုပ်အောင်ဆန်း
ငါထက်တော်တာမရှိဘူး ငါလုပ်မှဖြစ်မယ် ငါ့ကိုပဲအားကိုးလို့ပြောနေမှာထက် အားကိုချင်အောင် ယုံကြည်ချင်အောင် နေပြလိုက်ပါ

အောက်ခြေက ဝန်းရံသူတွေ ပြန်ကြည့်လိုက်တော့
ပရိတ်ကြီး ၁၂သုတ်ပြောတဲ့သူနဲ့
ဆွမ်းမကပ်ဘူးပြောတဲ့သူနဲ့
သာသနာ့အလံ ဒေါင်းအလံနဲ့လဲမယ်ပြောတဲ့သူနဲ့
ပညာရှိတွေ ပညာတတ်တွေ စုဝေးပြီး
ထိုင်ခုံလုနေတဲ့အချိန် .......
အင်္ဂလိပ်စာ မတတ်တဲ့ဦးသိန်းစိန်
နိုဗယ်ဆုမရခဲ့တဲ့ဦးသိန်းစိန်.......
နိုင်ငံတကာ ဖိအားတွေကြားထဲမှာ
ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့လုပ်နေရှာတယ်.....

ဂျမ်းပုံ(မုံရွာသူ)

နိုင်ငံဖွင့်ဖြိုးတိုးတက်ရေး အမျိုးဘာသာ
သာသနာ တည်တံ့ခိုင်မြဲရေးကို ဦးတည်လာရင် မည်သည့်ပါတီကို မဆို
ကြိုဆို လျှက်ပါ......

Photo: ye moe
ဂျမ်းပုံ - မုံရွာသူ

No comments: