Tuesday, September 29, 2015

မော်တော်ယာဉ် တင်သွင်းမှု က.ည.န စံတစ်ခု သတ်မှတ်မည်

မော်တော်ယာဉ် တင်သွင်းမှု က.ည.န စံတစ်ခု သတ်မှတ်မည်
------------------------------

ရန်ကုန်၊ စက်တင်ဘာ ၂၈

မော်တော်ယာဉ် တင်သွင်းရာတွင် မော်ဒယ်လ်နှစ် သတ်မှတ်ခြင်းနှင့် လမ်းစနစ်ဖြင့် ကိုက်ညီမည့် မော်တော်ယာဉ်များ တင်သွင်းခြင်းများအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) က စံတစ်ခု သတ်မှတ်သွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းသို့ စံသတ်မှတ်ရာတွင် ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေကို ပြင်ဆင်ထားသော လက်ရှိထုတ်ပြန်ထားသည့် မော်တော်ယာဉ် ဥပဒေသစ်အရ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“ကျွန်တော်တို့အနေနဲ့ Road Safety (လမ်းလုံခြုံမှု) ဖြစ်အောင်လို့ ကျွန်တော်တို့နိုင်ငံရဲ့ လမ်းစနစ်နဲ့ ကိုက်ညီတဲ့ကားတွေ တင်သွင်းဖို့ လုပ်မှာပါ” ဟု ကညနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

လတ်တလော မော်တော်ယာဉ် အသိုင်းအဝိုင်းအတွင်း က.ည.နမှ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကိစ္စရပ်များ အားလုံးကို ၂၀၁၆ ခုနှစ်တွင် လွှဲပြောင်းလုပ်ကိုင်သွားမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး ယင်းမှာ ဟုတ်မှန်ခြင်းမရှိဘဲ စံတစ်ခုသတ်မှတ်နိုင်ရန် အတွက်သာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းသို့ တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ အားလုံးကို လွှဲပြောင်းလုပ်ကိုင်မည် ဆိုခြင်းမှာ ဖြစ်နိုင်ခြေမရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ဆိုသည်။

မော်တော်ယာဉ် တင်သွင်းသည့် ကိစ္စများ လုပ်ဆောင်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ တင်သွင်းခွင့်ပါမစ် ထုတ်ပေးခြင်း၊ အကောက်ခွန်ဦးစီးဌာန၏ ကာစတန်ဂျူတီ ကောက်ခံခြင်းနှင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းတို့ကို ယင်းဌာနများကသာ လုပ်ကိုင်မည်ဖြစ်ပြီး ယင်းကိစ္စများကို ကညနက လုပ်ဆောင်မည် မဟုတ်ကြောင်း ကညနထံမှ သိရသည်။

လတ်တလော မော်တော်ယာဉ်တင် သွင်းခွင့်ဆိုင်ရာ မူဝါဒများကို ဝန်ကြီးဌာန ငါးခုမှ တာဝန်ရှိသူများ ပူးပေါင်းဖွဲ့စည်းထားသည့် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီက မူဝါဒများ ချမှတ်လုပ်ဆောင်လျက် ရှိသည်။

ယခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားသည့် မော်တော်ယာဉ် ဥပဒေသစ်တွင် ပါရှိသည့် ပြဋ္ဌာန်းချက်များကို မော်တော်ယာဉ်လုပ်ငန်းရှင် အများစုက ဝေဖန်ပြောဆိုမှုများ ပြုလုပ်လျက်ရှိပြီး ယင်းဥပဒေ သတ်မှတ်ရာတွင် မည်သည့်မော်တော်ယာဉ်လုပ်ငန်းရှင်မှ သိရှိခြင်း မရှိကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည့် မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီပွဲတွင် မော်တော်ယာဉ် လုပ်ငန်းရှင်များက ဝေဖန်ပြောကြားကြသည်။

လက်ရှိ မော်တော်ယာဉ် ဥပဒေ အပိုဒ် ၇၅ တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ရည်ရွယ်၍ လက်ယာကပ်စနစ်နှင့် ကိုက်ညီသည့် ဘယ်မောင်းယာဉ်များသာ အသုံးပြုရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: