SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကူညီထောက်ပံ့မှုများစွာ လိုအပ်လျက်ရှိသည်။ (ဓာတ်ပုံ − စိုင်းဇော်)
အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများအ တွက် ငွေကြေးဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် မြန်မာအစိုးရအား အမေရိကန် ဒေါ်လာ သန်း ၁၀၀ ငွေချေးပေး ကြောင်း ကမ္ဘာ့ဘဏ်က သတင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံ ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင် မာအားကောင်းပြီး တည်ငြိမ်သည့် ငွေရေးကြေးရေးကဏ္ဍကို ဖော် ဆောင်နိုင်ရန်၊ ဘဏ်လုပ်ငန်းဝန် ဆောင်မှုများ တိုးချဲ့ပြီး ချေးငွေ နှင့် ငွေရေးကြေးရေး ၀န်ဆောင်မှု အမျိုးမျိုးတို့ တိုးတက်ရရှိနိုင်ရန် နှင့် အသေးစားငွေချေးလုပ်ငန်း များနှင့် အာမခံကဏ္ဍမြှင့်တင်နိုင် ရန် ရည်ရွယ်ပြီး ငွေချေးပေးခြင်း ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
‘‘ချေးငွေတွေ ပိုရလာတာနဲ့ အမျှ စီးပွားရေးလုပ်ငန်းတွေကို ပို တိုးချဲ့နိုင်ပြီး ၀င်ငွေတိုးတက်လာ မယ့် အခွင့်အလမ်းတစ်ခုဖြစ်သ လို လူတွေကိုလည်း အလုပ်တွေ ပေးနိုင်ပါတယ်’’ ဟု ကမ္ဘာ့ဘဏ် အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Urlrich Zach-au က ပြောသည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်များသည် ၂၀၁၂ က စတင် ၍ ၎င်းတို့၏ လုပ်ငန်းများ အချိန် တိုအတွင်း တိုးချဲ့လာနိုင်သည်ဟု ဗဟိုဘဏ်က ဆိုထားသည်။ ကြို တင်ငွေဖြည့်ပြီး အသုံးပြုရသည့် ဈေးဝယ်ကတ် ၁ ဒသမ ၄ သန်း ကို ထုတ်ပေးနိုင်ခဲ့ပြီး ထောင်ချီ သော ATM ငွေ ထုတ်စက်များကို လည်း လူစည်ကားသည့်နေရာ များတွင် တပ်ဆင်လာနိုင်သည်ဟု ဗဟိုဘဏ်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ငွေရေးကြေး ရေးကဏ္ဍသည် တိုင်းပြည်စီးပွား ရေးလုပ်ငန်းများ၏ လိုအပ်ချက် ကို ထိထိရောက်ရောက် ဖြည့် ဆည်းပေးနိုင်ခြင်း မရှိသေးဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။ ကမ္ဘာပေါ်တွင် ငွေကြေးဝန်ဆောင် မှုလုပ်ငန်းများ အသုံးပြုနိုင်မှု၌ နောက်အကျဆုံး နိုင်ငံဖြစ်ပြီး မြို့ ပြများ၌ အရွယ်ရောက်ပြီးသူအား လုံး၏ ၃၀ ရာခိုင်နှုန်းအောက်သာ ငွေကြေးဝန်ဆောင်မှုများရရှိ ကြောင်း ကမ္ဘာ့ဘဏ်က သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။မြန်မာနိုင်ငံတွင် အသေးစား နှင့် အလတ်စား လုပ်ငန်းများအား ချေးငွေများ ထောက်ပံ့ပေးရာ၌ ဂျပန်နိုင်ငံ၏ ပြည်ပဖွံ့ဖြိုးရေးအ ကူအညီဖြင့် ကျပ် ၃၅ ဘီလီယံကို လုပ်ငန်းရှင် ၁၆၀ ဦးခန့်အား ချေးငွေထုတ်ပေးထားသည်ဟု အ သေးစားနှင့် အလတ်စားဖွံ့ဖြိုးရေး ဌာနမှ သိရသည်။
No comments:
Post a Comment