Saturday, July 2, 2016

ဘုလက်ရဲ့BULLET ဂျာနယ် လာပြီ


ရန်ကုန်၊ ဇူလိုင် ၂
ဘုလက်လှဆွေဟု လူသိများသည့် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေ ဦးစီးထုတ်ဝေမည့် BULLET News Journal မိတ်ဆက်ပွဲကို ဇူလိုင်လ ၂ ရက်နေ့ က ရန်ကုန်မြို့ရှိ City Star ဟိုတယ် တွင် ကျင်းပခဲ့သည်။
BULLET News Journal နှင့်ပတ်သက်၍ ဦးလှဆွေ က..
"ကျွန်တော်တို့ ဂျာနယ်ထုတ် ဝေရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိအစိုးရကို လိုအပ်တာတွေ ထောက်ပြနိုင်ဖို့၊ ပြည်သူတွေဘက်က ရပ်တည်ပြီးတော့ ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့၊ နောက်ပြီးတော့ အဲဒီ ဂျာနယ်မှာ အခုလက်ရှိအစိုးရမှ မဟုတ်ပါဘူး။ ပြည်သူကို မဟုတ်တာ၊ မမှန်တာလုပ်ရင် ပြည်သူဘက်ကနေ ဝိုင်းပြီးကာကွယ်ပေးဖို့ပါ" ဟုပြော သည်။
BULLET News Journal တွင် ယခင် ပါလီမန်ခေတ်က သတင်းစာ၊ ဂျာနယ်အရေးအသား များဖြင့် ပြန်လည်ရေးသား ထုတ်ဝေ သွားမည်ဖြစ်ပြီး ဦးလှဆွေက ဘူးလက်အမှာစာကဏ္ဍကို
အပတ်စဉ်ရေးသားသွားမည် ဟု သိရသည်။
လင်းအိမ်ထင်

No comments: