Saturday, July 2, 2016

စားသုံးဆီများတွင်ကျန်းမာရေး ထိခိုက်စေသော ဓာတ်များ ပါဝင်မှု ရှိ၊မရှိ အဓိကစစ်ဆေးမည်

အောင်လံမြို့တွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

 စားသုံးဆီများကို စစ် ဆေးရာတွင် ရောနှောထားသည့် ဆီ ဟုတ်၊မဟုတ်ထက် ပြည်သူ များ၏ ကျန်းမာရေးကို ထိခိုက် စေသောဓာတ်ပစ္စည်းများပါဝင်မှု ရှိ၊မရှိကို အဓိကထားစစ်ဆေးမည် ဖြစ်ကြောင်း မကွေးတိုင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန တိုင်းတာဝန်ခံ ဒေါက်တာပြည့်ဖြိုးက ပြောကြား သည်။

ဇွန်လ ၂၈ ရက်က မကွေး တိုင်း အောင်လံမြို့ စားသုံးသူရေး ရာဦးစီးဌာနရုံးတွင် ပြုလုပ်သည့် မကွေးတိုင်းဒေသကြီး စားသုံးသူ ရေးရာ ဦစီးဌာန တိုင်းဦးစီးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ် ကဲရေးဦးစီးဌာန တိုင်းတာဝန်ခံတို့ နှင့် အောင်လံမြို့နယ်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များတွေ့ဆုံပွဲ အခမ်းအနား၌ စားသုံးသူများ၏ တောင်းဆိုချက်အရ ဈေးနှုန်း သက်သာသော ရောဆီထုတ်လုပ် ခြင်းအပေါ် စားသုံးသူရေးရာ ဦး စီးဌာနအနေဖြင့် ဖမ်းဆီးအရေး ယူခြင်း ပြု၊မပြုဆိုသည်ကို သိရှိ လိုပါကြောင်းဆီစက်လုပ်ငန်းရှင် ဦးဝင်းမော်၏မေးမြန်းမှုကို ဒေါက် တာပြည့်ဖြိုးက ဖြေကြားခဲ့သည်။

‘‘ကမ္ဘာမှာက နှမ်းဆီ၊ ပဲဆီ၊ နေကြာဆီ အဲဒီလိုမရှိတော့ဘူး။ စားသုံးလို့ရတဲ့ စားသုံးဆီနဲ့ အိမ်သုတ်တာ၊ ဆပ်ပြာစသဖြင့်လုပ်တဲ့သုံးစွဲဆီဆိုပြီး နှစ်မျိုးပဲရှိပါတယ်။ကျွန်တော့်ကို ပွဲတိုင်း မေးလေ့ရှိကြပါတယ်။ နှမ်းဆီနဲ့ စားအုန်းဆီ ဘယ်ဟာက ကျန်းမာရေးနဲ့ ညီညွတ်လဲပေါ့။ ကျွန်တော် မဖြေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန်အားဖြင့် နှမ်းဆီက ပိုကောင်းတာမှန်တယ်။ ဒါပေမဲ့ထုတ်လုပ်မှု နည်းစနစ် မမှန်ကန်တဲ့အခါမှာ ကင်ဆာရောဂါဖြစ် စေတတ်တဲ့ ဓာတ်တွေပါလာခဲ့ရင် စားအုန်းဆီကမှ သူ့အတိုင်းလေးနဲ့ သူပိုကောင်းတယ်လို့ ဆိုရမှာဖြစ် ပါတယ်’’ဟု ဒေါက်တာပြည့်ဖြိုးက ပြောကြားသည်။

ပြည်သူများ အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရေး ဈေး ကွက်အတွင်းရှိ စားသုံးဆီများကို ၀ယ်ယူစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး အန္တရာယ်ဖြစ်စေသော ဓာတ်များပါဝင်မှု ရှိ၊မရှိ အဓိက ထားစစ်ဆေးမည်ဖြစ်သည်။ ကုန် ထုတ်လုပ်သူများ အနေဖြင့်လည်း ၀ယ်ယူသည့်အခါ အမှတ်တံဆိပ် ဖော်ပြကာ ထုတ်လုပ်ရမည်ဖြစ်ပြီး စားသုံးသူများကလည်း ၀ယ်ယူ သည့်အခါ အမှတ်တံဆိပ်ပါ ပြေစာများ ယူဆောင်ထားသင့်ကြောင်း မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဦးစီးအရာရှိက ဆိုသည်။

စံချိန်စံညွှန်းများနှင့်ညီညွတ် စွာ ထုတ်လုပ်ခြင်းမရှိဘဲ အန္တ ရာယ်ဖြစ်စေသော ဓာတ်ပစ္စည်း များ ပါဝင်နေသည်ကို စစ်ဆေး တွေ့ရှိပါက ထုတ်လုပ်ခွင့်ရပ်ဆိုင်း သည်အထိ အရေးယူမည်ဖြစ် ကြောင်း ဒေါက်တာပြည့်ဖြိုးကပြော သည်။

No comments: