Saturday, July 2, 2016
ဝန်ထမ်းများ အဂတိလိုက်စားမှု တိုင်ကြားလျှင် စိစစ်အရေးယူမည်ဟုဆို
 တရားရုံး၊ တရားရေးဝန် ထမ်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရ ဌာနဆိုင်ရာများ အဂတိလိုက်စား မှုများနှင့် ပတ်သက်၍ အများပြည် သူက တိုင်ကြားလာလျှင် အလေး အနက်ထား စိစစ်အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး မျိုးမင်းအောင်ကပြောသည်။
ဇွန်လ ၃၀ ရက်က ပြုလုပ်ခဲ့ သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး တွင် တရားရုံးနှင့် ရဲစခန်းများ၌ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ကာ အများပြည်သူထံမှ အတင့်ရဲစွာ ငွေကြေးကောက်ခံနေမှုများကို အစိုးရအဖွဲ့က အရေးယူရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတင်စိုးက မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီးမျိုးမင်းအောင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘၀န်ထမ်းများ အဂတိလိုက် စားမှုနှင့် ပတ်သက်သည့် တိုင် ကြားစာများရှိခဲ့ပါကလည်း တိုင် ကြားသူ ကာယကံရှင်အား တိုင် ကြားစာ လက်ခံရရှိကြောင်းနှင့် တိုင်းအစိုးရအဖွဲ့က အလေးထား ဖြေရှင်းဆောင်ရွက်မည် ဖြစ် ကြောင်း ပြန်လည်အသိပေးကာ စိစစ်ဖြေရှင်း ဆောင်ရွက်နေပါ တယ်’’ဟု ဗိုလ်မှူးကြီးမျိုးမင်း အောင်က ပြောသည်။
 လက်ရှိအခြေအနေအရ တရားရုံး၊ ရဲစခန်းနှင့် ဥပဒေရုံးများတွင် အမှုအခင်းဖြစ်ပွားသည့် ပြည်သူလူထုထံမှ အကြောင်း အ မျိုးမျိုးပြကာ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောသည်။
တရားရုံး၊ ရဲစခန်းနှင့် ဥပဒေ ရုံးမှ ၀န်ထမ်းများနှင့် အစိုးရ၀န်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုများ မပြုလုပ်ကြရန် တိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ်က အစည်းအဝေးများ ခေါ်ယူတွေ့ဆုံ ကာ အသိပေးပြောကြားထားပြီး ဖြစ်ကြောင်း၊ ၀န်ထမ်းများအနေဖြင့် လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းမယူကြရန်၊ လာဘ်ပေးလာဘ်ယူကင်းရှင်းကြရန်၊ အဂတိလိုက်စားမှု ကင်းရှင်းစေရန်နှင့် အဂတိလိုက်စားမှုများရှိလျှင် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းရှင်းလင်း အသိပေးမှာကြားခဲ့ပြီး အုပ်ထိန်းမှုအလိုက် လက် အောက်ဌာနများအား မှာကြားပြီးဖြစ်သည်ဟု ဗိုလ်မှူးကြီးမျိုးမင်း အောင်က ပြောသည်။
ထို့ပြင် သမ္မတရုံး၏ လက် ဆောင်ပစ္စည်းလက်ခံခြင်းနှင့်ပတ် သက်သည့် လမ်းညွှန်မှာကြား ချက်ကို အလေးအနက်ထားလိုက် နာရန်နှင့် လက်အောက်ဌာန အ ဆင့်ဆင့်သို့ ဆက်လက်အသိပေး ဆောင်ရွက်ရေး မှာကြားကြရန်တို့ ကိုလည်း ဧပြီ ၇ ရက်ကတည်းက စာဖြင့် ညွှန်ကြားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။
No comments: