Tuesday, July 26, 2016

မြေယာပိုင်ဆိုင်မှု အငြင်းပွားရာမှ အက်ဆစ်ဖြင့်ပက်မှု မန္တလေးတွင် ဖြစ်ပွား

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ် ၊မောရဂီဝါရပ်၊ ၃၅လမ်း၊ ၇၃ လမ်းထောင့်၊အကွက် ၆၈၂ ရှိ မြေယာပိုင်ဆိုင်မှု အငြင်းပွားရာကနေ တရားနိုင်တဲ့ဘက်က လာရောက် ဖယ်ရှားရာကနေ မြေပေါ်မှာနေသူတွေနဲ့ အငြင်းပွားပြီး အက်ဆစ်နဲ့ ပက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အပက်ခံရသဖြင့် သုံးဦး ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။
မောင်စိန် အမည်ပေါက် ဦးပိုင် (၇၉)မြေကွက်မှာ တရားနိုင်တဲ့သူက ဇူလိုင် ၂၆ ရက် မနက် ဆယ့်တစ်နာရီခွဲလောက်မှာ လူအယောက် ငါးဆယ်ဝန်းကျင်နဲ့ လာရောက်ခဲ့ရာမှာ ဖယ်ရှားသူတွေနဲ့ အဲဒီမြေပေါ်မှာ နေထိုင်သူတွေနဲ့ အငြင်းပွားနေချိန်မှာ လူသုံးဦး အက်ဆစ်နဲ့ အပက်ခံရတာ ဖြစ်ပါတယ်။ အက်ဆစ်နဲ့ အပက်ခံရသူ သုံးဦးကို ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး အက်ဆစ်နဲ့ ပက်သူတွေကို စုံစမ်းလျက်ရှိတယ်လို့ အမှတ်(၈) ရဲစခန်းတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

No comments: