Saturday, July 2, 2016

လျှပ်စစ်မီး၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ကျူးပြဿနာများ ရန်ကုန်တိုင်းအစိုးရကို အဓိကစိန်ခေါ်နေ

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျူးကျော်နေအိမ်အချို့တွင် နေထိုင်သူများ၊ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

လျှပ်စစ်မီး၊ ယာဉ်ကြော ပိတ်ဆို့မှုနှင့် ကျူးကျော်ပြဿနာ များက ရန်ကုန်တိုင်းဒေသကြီးအစိုးရအတွက် အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

အဆိုပါ ပြဿနာသုံးမျိုးကိုဖြေရှင်းရန် တိုင်းဒေသကြီးအစိုးရ၌လိုအပ်ချက်များစွာရှိနေကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

‘‘ဖြေရှင်းဖို့က ငွေအားတတ် နိုင်မှု၊ လုပ်အားတတ်နိုင်မှု၊ နည်း ပညာဘယ်လောက်ထည့်ဝင်နိုင် မလဲဆိုတာတွေ စဉ်းစားနေရ တယ်’’ဟု ၎င်းကပြောကြားသည်။

 တိုင်းဒေသကြီးအစိုးရအ တွက် စိန်ခေါ်မှုတစ်ခုဖြစ်သည့် လျှပ်စစ်ကဏ္ဍကို ဖြေရှင်းရာတွင် မိုးရာသီ၌ ရေအားလျှပ်စစ်မှ ဓာတ်အားအပြည့်အဝရရှိသော်လည်း ကေဘယ်လ်ကြိုးများ ဟောင်းနွမ်း မှု၊ စက်ပိုင်းဆိုင်ရာအရည်အသွေး မကောင်းမှုတို့ကြောင့် အခက်အ ခဲများဖြစ်ပေါ်နေသည်။

ယာဉ်ကြောပိတ်ဆို့မှုပြဿ နာကို ဖြေရှင်းရာတွင် မြို့ပြစီမံ ကိန်းများ၊ သယ်ယူပို့ဆောင်ရေး စီမံကိန်းများ ရေးဆွဲဖြေရှင်းနိုင်မှ သာ အဆင်ပြေမည်ဖြစ်သည်။

မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ  ဒေါက်တာစိုးထွန်းက ယာဉ်ကြောပိတ်ဆို့မှုနှင့်ပတ်သက်၍ ‘‘ရန်ကုန်မြို့မှာ ကားပါကင်တွေ ဆောက်ဖို့လိုတယ်။ အခုကားတွေက ရပ်စရာမရှိလို့ လမ်းမှာ ရပ်နေလို့ပိတ်တာတွေလည်းရှိတယ်’’ဟု ပြောသည်။

ကားပါကင်တည်ဆောက်မှု နှင့်ပတ်သက်၍ အစိုးရလုပ် ဆောင်မှုသာမက ပုဂ္ဂလိကနှင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်း ရှင်များအား ဖိတ်ခေါ်လုပ်ကိုင် သင့်ကြောင်း၎င်းက အကြံပြုသည်။

ထို့အပြင် လမ်းဘေးဈေး သည်ပြဿနာကိုလည်း ညဈေး များ ဖွင့်လှစ်ပေးပြီး ဖြေရှင်းပေး ရန်လိုအပ်ကြောင်းနှင့် ကားတင် သွင်းမှုစနစ် မူဝါဒတစ်ခုရေးဆွဲ ပြဋ္ဌာန်းပြီး လုပ်ဆောင်သင့် ကြောင်း ဒေါက်တာစိုးထွန်းက ဆက်လက်ပြောကြားသည်။

ကျူးကျော်ပြဿနာကို ဖြေ ရှင်းရန်မှာ တိုင်းဒေသကြီး အစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး စီးပွားဖြစ်ကျူးကျော်မှုနှင့် အမှန် တကယ်ကျူးကျော်နေထိုင်မှုများ ကို ခွဲခြားနိုင်ရန် စာရင်းဇယား ပြုလုပ်နေကြောင်း ဦးမြင့်သောင်းက ပြောသည်။

No comments: