Tuesday, April 19, 2016

အယ်ဒီတာထံပေးစာ ▄

▄ အယ်ဒီတာထံပေးစာ ▄ သို့ အယ်ဒီတာ ကြေးမုံသတင်းစာ။ မုံရွာကြက်မွေးမြူရေး ဇုန်တွင် တွေ့သည့် H9N2 သည် H5N1 လို အပြင်းစား ရောဂါပိုး မဟုတ်ပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ ဧပြီ ၁၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၂ဝ တွင် မုံရွာ ကြက်မွေးမြူရေးဇုန်တွင်H9N2 ရောဂါပိုးသစ်တွေ့ ခေါင်းစဉ်ဖြင့် ဖေါ်ပြခဲ့သည့် သတင်းတွင် အများပြည်သူအတွက် နားလည်မှုလွဲမှားပြီး မလိုလားအ ပ်သည့် ထိတ်လန့်မှုနှင့် အဟန့်အတားများ ဖြစ်စေနိုင်သည့် ဖော်ပြထားချက် တချို့ကို ပြင်ဆင်ပေးနိုင်ရန်အတွက် ဤစာကိုရေးသားခြင်း ဖြစ်ပါသည်။ သတင်းတွင် '' - - ဧပြီ ၁၂ ရက်က စစ်ဆေးတွေ့ရှိမှုသည် ပြီးခဲ့ သည့်နှစ် က ဖြစ်သည့် H5N1 မဟုတ်ဘဲ အဆင့်မြင့်ပြီး အန္တရာယ်ပိုများသည့် H9N2 ရောဂါပိုးသစ်ဖြစ်ကာ အဆိုပါရောဂါသည် ကမ္ဘာတွင် ဟောင်ကောင် ၌ ခဏသာဖြစ်ခဲ့ပြီးပြန်ပျောက်သွားကာ ယခု မုံရွာကြက်ဇုန် မှတွေ့ရှိခြင်း သည် ပထမဆုံး စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။'' ဟု ဖေါ်ပြ ထားပါသည်။ H5N1 ကြက်ငှက်တုပ်ကွေးပိုးကို အပြင်းစား ကြက်ငှက်တုပ်ကွေးပိုးHighly pathogenic avian influenza (HPAI) ဟု သတ်မှတ်ပါသည်။H5N1 သည် လူကိုကူးစက်နိုင်သည့် ရောဂါဖြစ်ပြီး ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၈ဝဝ ကူးစက်ခဲ့ပြီး ၄၄၉ ဦး သေဆုံးခဲ့ရသည့် အတွက် ကြက်များ ရောဂါဖြစ်ပွားပါက အတူနေကြက်များ ကို သုတ်သင် ရှင်းလင်းကြခြင်းဖြစ်ပါသည်။ ရောဂါဖြစ်ပွားချိန်တွင် ကြက်ဥ၊ ကြက်သား စားသုံးရန်ပင် ပြည်သူအများ ထိတ်လန့်ကြသည့် ရောဂါဖြစ်ပါ သည်။ ယခု မုံရွာကြက်မွေးမြူရေးဇုန်တွင် တွေ့ရသည့်H9N2သည် သတင်းစာ တွင် ဖော်ပြထားသကဲ့သို့ ''အဆင့်မြင့်ပြီး အန္တရာယ် ပိုများသည့် ရောဂါပိုး'' အမျိုးအစား မဟုတ်ပါ။ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေး အဖွဲ့ချုပ် (OIE) နှင့် နိုင်ငံတကာပညာရှင်များက အာရှ၊ ဥရောပ၊ အရှေ့အလယ် ပိုင်းနှင့် အာဖရိကဒေသများမှာ တွေ့ရှိရသည့် H9N2 အားလုံးကို အပျော့စား ကြက်ငှက်တုပ်ကွေးပိုး Low pathogenic avian influenza (LPAI) ဟု သတ်မှတ်ပါသည်။ ဤပိုးအမျိုးအစားများကို ကြက်မွေးမြူရေးလုပ်ကိုင်သည့် နေရာဒေသ များတွင် တွေ့ရှိနိုင်ပြီး ကြက်များကို အပျော့စားရောဂါ သို့မဟုတ် ရောဂါပိုး ဝင်ရောက်သွားသည်ကိုပင် မသိနိုင်အောင် သိမ်မွေ့သည့် အဆင့်ကိုသာ ဖြစ်စေနိုင်သည့် ပိုးမျိုးဟု သတ်မှတ်ထားကြပါသည်။ တရုတ်နှင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံတို့တွင် ဖျားနာသည့် ကလေးငယ် အချို့ထံမှ H9N2 တွေ့ရှိမှု ရှိခဲ့ ဖူးသော်လည်း ခဏတာဖျားပြီး အလိုအလျှောက် သက်သာပျောက်ကင်းသွား ကြသည့်အတွက် ပြင်းထန်သည့်ရော ဂါကို ဖြစ်စေနိုင်သည့် အစွမ်းမရှိပါ။ နိုင်ငံများစွာရှိ ကြက်ခြံများတွင် H9N2 ကြောင့် ရောဂါဖြစ်ပွားမှု ကြိမ်ဖန် များစွာ ကြုံခဲ့ရသော်လည်း ကြက်ခြံများတွင် လုပ်ကိုင်နေသူ တစ်ဦး တစ်ယောက်မျှ ရောဂါကူးစက်ပြီး ဖျားနာကြသည့် ဖြစ်ရပ်တစ်စုံတစ်ရာ မပေါ် ပေါက်ခဲ့ဖူးပါ။ ထို့ကြောင့် ဤသတင်းဖော်ပြချက်ကြောင့် အများပြည်သူအနေနှင့်H5 မှH9 ထိ ရောဂါဖြစ်စေနိုင်စွမ်းအား အဆင့်တိုးမြင့်သည့် ရောဂါပိုးသစ် တွေ့ရှိလာ သည်ဟူ၍ ထင်မှတ်ပြီး ထိတ်လန့်မှုမဖြစ်ကြစေရေးအတွက် ပြင် ဆင် ဖော်ပြပေးရန် လိုအပ်မည်ဟု ထင်မြင်ပါသည်။ ထို့အပြင်H9N2 သည် ဟောင်ကောင်တွင် ခဏသာဖြစ်ခဲ့ပြီး ပြန်ပျောက် သွားကာ ယခု မုံရွာကြက်ဇုန်မှ ပထမဆုံးတွေ့ရှိသည့် ပိုးလည်းမဟုတ်ပါ။ H9N2 သည် ရှေးယခင် နှစ်ပေါင်းများစွာကပင် ကိုးရီးယားမှ အီရန်အထိ အာရှတိုက်တောင်ခြမ်းတစ်ခုလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရသည့် ပိုးအမျိုးအစားသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ကြက်ခြံများကို ဝင်ရောက်စစ်ဆေးကြည့်ပါက ခြံများစွာတွင် H9N2 ရောဂါအနည်းနှင့် အများရှိနေကြောင်း တွေ့ရ မည် ဖြစ်ပါသည်။ H9N2 ကြောင့် ကြက်သေဆုံးမှု ကြုံနေရသည့် ကိုးရီးယား၊ တရုတ်၊ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန် စသည့်နိုင်ငံများတွင် H9N2 ရောဂါကို H9N2 ကာကွယ်ဆေးကြိုတင်ထိုးနှံပေးပြီး ကာကွယ် ထိန်းချုပ်မှု ပြုနေကြပါသည်။ H9N2 ကြောင့် ကလေးငယ်အချို့ ဖျားနာခဲ့သည့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် H9N2 ရောဂါဖြစ်ပွား သည့်မည်သည့်နိုင်ငံမျှ H9N2 ရောဂါတွေ့ရှိသည့်ခြံရှိ ကြက်များကို သုတ်သင်ရှင်းလင်းကြောင်း မသိရှိရပါ။ မုံရွာကြက်မွေးမြူရေးဇုန်တွင် H9N2 တွေ့ရသည့် ခြံများမှကြက်များ ကို သတ်ဖြတ်ရှင်းလင်းမှုသည် ပြန်လည်ဆန်းစစ်ဆုံးဖြတ်သင့်သည့် ကိစ္စ ဖြစ်ပါသည်။ ပူပြင်းသည့် ယခုအချိန်တွင် ရောဂါအမျိုးမျိုးကြောင့် ကြက် သေဆုံးမှုဖြစ်နိုင်ပါသည်။ သို့ဖြစ်ပါလျက် ယခင်တစ်ချိန်က H9N2 ဝင်ရောက်ခဲ့၍ ဖြစ်ပေါ်ထားသည့်antibody ကို သွေးတွင်တွေ့ရသည် ဆိုသည့်အချက်ကြောင့် ကြက်ကောင်ရေ အမြောက်အမြားကို သတ်ဖြတ် ခြင်းမပြုသင့်ပါ။ ပိုင်ရှင်များကိုလည်း နစ်နာဆုံးရှုံးမှု မဖြစ်စေ သင့်ပါ။ ထို့ကြောင့် မုံရွာကြက်မွေးမြူရေးဇုန်တွင် တွေ့ရသည့် H9N2 နှင့်ပတ်သက် သည့် အချက်အလက်အမှန်ကို သိရှိနိုင်ကြစေရန်၊ မွေးမြူသူ ပြည်သူအများ နစ်နာမှုမရှိစေရေး ပြန်လည်သုံးသပ်နိုင်ကြစေရန် အယ်ဒီတာ ထံမှ တစ်ဆင့် ရေးသားဖော်ပြအပ်ပါသည်။ မွေးကုသုတေသီ တစ်ဦး

No comments: