သူတို့က ဘယ်သူ့ကို အလေးဂရုပြုရမှာလဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုလား။ သူတင် မြှောက်ထားတဲ့ သမ္မတကိုလား စသဖြင့်ပေါ့။ ဖိအားတွေအောက်မှာ လုပ်ရမယ့် သမ္မတအနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ တစ်ခုချင်းစီအတွက် အမိန့်နာခံရဖို့ဖြစ် လာပြီး အာဏာရှင်ဆန်တဲ့ သဘောတွေဖြစ်လာပါလိမ့်မယ်။
"မြန်မာ့ဗျူရိုကရေစီစနစ်က ဗဟိုချုပ် ကိုင်မှု များလွန်းတယ်။ အင်န်အယ်လ်ဒီက အဲဒီလို ဖြစ်မှာပဲ"လို့ ဩစတြေးလျအမျိုး သားတက္ကသိုလ်မှာ ပါရဂူတန်းဝင်ရောက် ဖြေဆိုထားတဲ့ ဦးချစ်ဝင်းက ပြောပါတယ်။
မြန်မာ့အနာဂတ်ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုကိုင်တွယ်မလဲ
----------------------------------------------------------------------------
သမ္မတရာထူးကို တာဝန်ယူဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တားမြစ်ခံထားရတဲ့ အင်န်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီသာ လူထုကို အခြေပြုပြီး အနိုင်ရမယ်ဆိုရင် နိုင်ငံကို
သူပဲဦးဆောင်မယ်ဆိုတဲ့အကြောင်း ရွေးကောက်ပွဲမတိုင်ခင် ရုပ်သံတွေ့ဆုံမေး မြန်းခန်းတစ်ခုမှာဖြေကြားခဲ့ပါတယ်။
မဲရုံတွေပိတ်ပြီးတဲ့နောက် နိုင်ငံအနှံ့အပြားမှာ အပြတ်အသတ် အနိုင်ရရှိခြင်းနဲ့အတူ သူ့အနေနဲ့ သမ္မတအထက်ကနေမှာ ဖြစ်တဲ့အပြင် ဆုံးဖြတ်ချက်မှန်သမျှ သူပဲချမှတ်မှာ ဖြစ်တဲ့အကြောင်း
အခိုင်အမာပြောကြားခဲ့ပါတယ်။
လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကို တိုက်ရိုက်ကိုင်တွယ်အုပ်ချုပ်ဖို့ အာရုံစိုက်လာခဲ့ပါတယ်။
ပါတီက တာဝန်ရှိသူတွေရဲ့ အတည်မပြုနိုင်တဲ့ ပြောကြားချက်တွေအရ နောက်ကွယ်ကနေကြိုးကိုင်ဖို့အတွက် ရာထူးနေရာတစ်ခုကိုယူမယ့် အနေအထားတွေ တွေ့လာရပါတယ်။
အင်န်အယ်လ်ဒီနာယက ဦးတင်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ကိုဖြစ်ရမယ်လို့ပြောခဲ့ပါတယ်။
နိုင်ငံကိုပဲ့ကိုင်တဲ့နေရာမှာ ဖွဲ့စည်းပုံအခြေ ခံဥပဒေမှာ ပါဝင်တဲ့ သမ္မတနဲ့သက်ဆိုင်တဲ့ အပိုဒ်ငယ်ကိုပြင်ဆင်ဖို့၊ ဒါမှမဟုတ် ဆိုင်းငံ့ဖို့ အပြင် နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့ရတဲ့ ဒီမိုကရေစီကို ရုပ်လုံးပေါ်စေဖို့
ကြီးမားတဲ့ အတိုက်အခံတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း မကြာသေးမီ သီတင်းပတ်တွေအတွင်းတပ်မတော်နဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့ နောက် ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့ပါတယ်။
တကယ်လို့ အင်န်အယ်လ်ဒီက ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ကြိုးစားမယ်ဆိုရင် အာဏာသိမ်းမှုဖြစ်လာနိုင်တယ်လို့ အမျိုးသားရေးဝါဒီတွေက ပြောဆိုကြတာနဲ့အတူဆိုးရွားတဲ့အခြေအနေကို နည်းနိုင်သမျှနည်းအောင် အလျှော့ပေးတာတွေ လုပ်နေရတယ်လို့
အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေက ၀န်ခံထားတဲ့အပြင် နောက်ကွယ်ကနေ ကြိုးကိုင်ဖို့ပဲကြိုးစားနေတယ်လို့ ဆိုပါတယ်။
"ရုပ်သေးသမ္မတဆိုတာ အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပါဘူး"လို့ ရန်ကုန်အခြေစိုက်တကောင်းနိုင်ငံရေး သိပ္ပံကျောင်း တည်ထောင်သူ ဦးစိုးမြင့်အောင်က ပြောပါတယ်။ ပြရုပ်သက်သက် သမ္မတတစ်ဦး မဟုတ်ဘဲ အသင့်အတင့်အရေးပါတဲ့ ကိစ္စရပ်လေးတွေမှာတောင် လက်ထောက်တွေ၊
သံတမန်တွေနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေရှေ့မှာ ခက်ခဲတဲ့ အနေအထားတွေ ဖြစ်လာနိုင်ပါတယ်။ သူတို့က ဘယ်သူ့ကို အလေးဂရုပြုရမှာလဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုလား။ သူတင် မြှောက်ထားတဲ့
သမ္မတကိုလား စသဖြင့်ပေါ့။ ဖိအားတွေအောက်မှာ လုပ်ရမယ့် သမ္မတအနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ တစ်ခုချင်းစီအတွက် အမိန့်နာခံရဖို့ဖြစ် လာပြီး အာဏာရှင်ဆန်တဲ့ သဘောတွေ
ဖြစ်လာပါလိမ့်မယ်။
"မြန်မာ့ဗျူရိုကရေစီစနစ်က ဗဟိုချုပ် ကိုင်မှု များလွန်းတယ်။ အင်န်အယ်လ်ဒီက အဲဒီလို ဖြစ်မှာပဲ"လို့ ဩစတြေးလျအမျိုး သားတက္ကသိုလ်မှာ ပါရဂူတန်းဝင်ရောက် ဖြေဆိုထားတဲ့ ဦးချစ်ဝင်းက ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မူဝါဒ လမ်းညွှန်ချက်ကို ချမှတ်ထားဖို့ လိုတယ်။ ဒါ့ပြင်သမ္မတကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပြုဖို့ လိုတယ်။ ဒါပေမဲ့ ဒါကို ကျွန်တော်တော့ ဒီရက်ထဲ ဖြစ်နေတဲ့အခြေအနေတွေကို ကြည့်ပြီး သံသယဖြစ်တယ်"လို့ သူက ဆိုပါတယ်။ အင်န်အယ်လ်ဒီက
အရိပ်အမြွက်ပြောထားတဲ့ နောက်ကွယ်က ကြိုးကိုင်မယ့် အစီအစဉ်ဟာ ယာယီပဲဖြစ်သင့်တဲ့အပြင် အာဏာလွှဲပြောင်းရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ ရုတ်ချည်းမြင့်တက်စေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးအစီအစဉ်နဲ့ ပတ်သက်လို့ တပ်မတော်ကို ဆွယ်တရားဟောဖို့ အချိန်ပိုယူတာမျိုးပဲဖြစ်သင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေး ၀န်ကြီးရာထူးကို ရယူဖို့ လိုတယ်လို့ အကြံပြုထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အခင်းအကျင်းနဲ့ ပတ်သက်လို့ ဦးချစ်ဝင်းကတော့
"ဒီလိုသာဆိုရင် အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သာမက
တက်ရောက်လာသူတွေပါ အနေရ အထိုင်ရ ခက်ကုန်မှာပဲ"လို့ ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအနေနဲ့ နိုင်ငံခြားကို ပုံမှန်ခရီးထွက်နေရတာကြောင့် နေပြည်တော်မှာ
လွှတ်တော်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက်နိုင်တဲ့အပြင် ပါတီထဲမှာ ဂိုဏ်းဂဏကွဲပြားမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။
"တကယ်လို့ သူက ကြိုးဆွဲတဲ့အနေထားကို အလွန်အကျွံလုပ်မိရင် မြန်မာနိုင်ငံဟာ ဟားတိုက်လှောင်ပြောင်စရာ ဖြစ်လာမယ့် အပြင် သမ္မတရုံးတစ်ခုလုံး ထိရောက်မှု မရှိဘဲ လုံခြုံရေးပါ
ထိခိုက်လာနိုင်တယ်" လို့ Tampadipa Institute မှ ဒါရိုက်တာ ဦးခင်ဇော်ဝင်းက ပြောပါတယ်။
တရားဥပဒေနဲ့အညီ နောက်ကွယ်ကနေ ကြိုးကိုင်မယ့် ယှဉ်တွဲအုပ်ချုပ်မှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း စိတ်မချရပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာက သမ္မတသည် အားလုံးအထက်မှာရှိသည်လို့ အခိုင်အမာဖော်ပြထားပါတယ်။
"သူ့အနေနဲ့ ဘာလုပ်လုပ်ခြိမ်းခြောက်မှုတွေ ရှိနေမှာပဲ။ ဥပဒေရဲ့အထက်မှာ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူပြောခဲ့တာတွေအတွက် ရှေ့နောက်မညီတာတွေ ဖြစ်နိုင်တယ်" လို့ ဦးခင်ဇော်ဝင်းက ဆိုပါတယ်။
ကြိုးကိုင်တဲ့အနေအထားက သိပ်ပြီးပေါ်လွင်သွားမယ်ဆိုရင် အုပ်ချုပ်မှုပိုင်းအားနည်းပြီး စွပ်စွဲပြစ်တင်ခံရနိုင်တဲ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို အမှုတွဲရောက်တာမျိုး၊ ဒါမှမဟုတ်
နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာတာမျိုးထိတောင် ဖြစ်နိုင်တယ်။
အင်န်အယ်လ်ဒီအနေနဲ့ စွပ်စွဲပြစ်တင်ခံရမှုကို ကျော်လွှားနိုင်လောက်အောင်
လွှတ်တော်အမတ်နေရာတွေ ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် ခုံရုံးအဖွဲ့ဝင်တွေနေရာကိုအင်န်အယ်လ်ဒီက မရသေးပါဘူး။
ဒါကိုလုပ်မယ်ဆိုရင် တပ်မတော်နဲ့ တင်းမာမှုတွေဖြစ်အောင် ဆွပေးသလို ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကျော်နိုင်ငံရေး သမားကြီးတွေ၊ သစ္စာခံသူတွေနဲ့ ယှဉ်ပြိုင်ရမယ့် စိန်ခေါ်မှုတွေရှိနေချိန်မှာ အာဏာရ ပါတီရဲ့ တိုက်ခိုက်မှုကို မလွန်ဆန်နိုင်တာ၊ လူထုထောက်ခံမှုကို ဆုံးရှုံးနေတာအပြင် ပြိုင်ဘက်အုပ်စု ဂိုဏ်းကွဲမှုတွေကြောင့် အနာဂတ်အရေးဟာ အတော်လေးကို
မတွေးတတ်အောင် ခက်ခဲလှပါတယ်။
"ပလ္လင်နောက်က အာဏာရှင်ဆိုတာ သိပ်ကို အံ့ဩစရာပါပဲ။ ဒါ့ပြင် ဘယ်နေရာမှာ တကယ့်လုပ်ပိုင်ခွင့်အာဏာ ရှိသလဲဆိုတာ ဘယ်သူမှ သေချာမသိတဲ့ ဘေးကျပ်နံကျပ် အခြေအနေထဲတော့
ရောက်နေတာပဲ"လို့ သီရိလင်္ကာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီးဟောင်း မစ္စ ရှက်ဖ်ဖားကပြောပါတယ်။
မြကေခိုင် ဘာသာပြန်သည်။
http://myanmar.mmtimes.com/
No comments:
Post a Comment