Saturday, February 13, 2016

UN ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီ ရခိုင် ခရီးစဉ်ရက် ပြောင်းလဲ

UN ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီ ရခိုင် ခရီးစဉ်ရက် ပြောင်းလဲ ------ ------- ------- ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။ မစ္စယန်ဟီးလီသည် ကနဦးက ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိမည် ဖြစ်သော်လည်း ရက်ပြောင်းလဲကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိမည်ဖြစ်ကာ သူမ၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံမည်ဖြစ်သည်။ "ကျွန်တော်တို့ သိထားတာကတော့ ၁၆ ရက်နေ့ ရောက်မယ်၊ တစ်ညအိပ်မယ်၊ စစ်တွေမှာ။ ပြီးရင် ၁၇ ရက်နေ့ ပြန်မယ်လို့တော့ သိထားတယ်။ သူ့ရဲ့ ခရီးစဉ် အသေးစိတ်ကတော့ ကျွန်တော်တို့လည်း မသိဘူး။ သူ့မှာတော့ တွေ့ဆုံမယ့်သူတွေ၊ သွားမယ့်ခရီးစဉ်တွေ ရေးဆွဲပြီးသားထင်တယ် " ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။ မစ္စယန်ဟီးလီ အနေဖြင့် ယခုတစ်ကြိမ်ဆိုလျှင် ရခိုင်ပြည်နယ်သို့ သုံးကြိမ်မြောက်ဖြစ်မည့် ခရီးစဉ် ဖြစ်သည်။ UN ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ယခင်က ကွင်တားနားနေရာတွင် ဆက်ခံသူဖြစ်ပြီး မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာများသည် ဘက်လိုက်မှုများ ရှိသည်ဆိုကာ ဒေသခံများက သူမ၏ ရခိုင်ပြည်နယ်ခရီးစဉ်များတွင် ကန့်ကွက်ခဲ့ကြသည်။ မစ္စယန်ဟီးလီသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့က ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ အတွင်းရှိ ဘင်္ဂါလီများအား မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု ပေးရမည့်အပြင် ဘင်္ဂါလီများအား ရိုဟင်ဂျာဟု သုံးစွဲခွင့်ပြုရန်နှင့် ၎င်းတို့ကို မြန်မာနိုင်ငံ တစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် စသည့်အချက်တို့ကို အဆိုပြုခဲ့သည်။ သူမသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့တွင် စစ်တွေမြို့သို့ရောက်ရှိလာရာ စစ်တွေ လေဆိပ်တွင် ဒေသခံ သုံးထောင်ကျော်က ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ သတင်း - MMK The Ladies News

No comments: