Saturday, February 20, 2016

Samsung ကုမ္ပဏီထုတ် မော်ဒယ်လ်မြင့်မိုဘိုင်းလ်ဖုန်းများအတွက်ရေစိုခံ Cover ဈေး ကွက် တင် ဖွယ်ရှိ

Samsung ကုမ္ပဏီထုတ် မော်ဒယ်လ်မြင့်မိုဘိုင်းလ်ဖုန်းများအတွက်ရေစိုခံ Cover ဈေး ကွက် တင် ဖွယ်ရှိ Samsungကုမ္ပဏီထုတ်မော်ဒယ်လ်မြင့်မိုဘိုင်းလ်ဖုန်းများအတွက် ရေစိုခံ Coverများ ဈေး ကွက် တင်ဖွယ်ရှိကြောင်း Phonearena သတင်းဌာနမှ ဖော်ပြထားသည်။ ဈေးကွက် အတွင်းရောက်ရှိလာမည့် မိုဘိုင်းလ်ဖုန်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ သတင်း များဖော်ပြရာ တွင်မှန်ကန် မှုရာခိုင်နှုန်းမြင့်မားသောဇကေဘဝေက်ဘ်ဆိုက်မှ Samsung သည်ဖေဖော်ဝါရီ၂၁ ရက်တွင် မိတ်ဆက်မည့်Galaxy S7 Galaxy S7 Edgeတို့နှင့် အဆင် ပြေပြေ အသုံးပြုနိုင်မည့် Cover သစ်များကို တွဲဖက် ကုမ္ပဏီ များနှင့်ပူးပေါင်း ဖန်တီး ထား ပြီးဖြစ်ကာရေစိုခံနိုင်သည့် Cover များဖြစ် ကြောင်း ဖော်ပြ ထား သည်။ နမူနာ ထွက်ပေါ်လာသည့် Cover များမွှာ Galaxy S7 Galaxy S7 Edge တို့နှင့် တူညီသော အရွယ် အစားများဖြစ်သည့် ၅ဒ သမ ၁ လက်မနှင့် ၅ ဒသမ ၅ လက်မအရွယ်ရှိနေခြင်းကြောင့် အဆိုပါမိုဘိုင်းလ်ဖုန်းများအတွက်ရည်ရွယ်သည့် ရေစိုခံ Cover များဖြစ်ကြောင်း သတ မှတ် ခဲ့ခြင်းဖြစ်သည်။ Samsung သည် GalaxyS7 နှင့် GalaxyS7 Edge တို့တွင် ရေစိုခံစနစ်ထည့်သွင်းရန်မူလက စီ စဉ်ခဲ့သော်လည်း ဈေးကွက် တင်ရန် ရည်မှန်းထားသော ကာလအမီ ထည့်သွင်းရန် မလွယ်ကူ သောကြောင့် ရေစိုခံနိုင်သည့် Cover များကို တွဲဖက် ကုမ္ပ ဏီများနှင့် ပူးပေါင်း ဖန်တီး ခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။ ထို့ပြင် Galaxy Note 4 အတွက်လည်းရေစိုခံနိုင်သည့် Cover များကို ထုတ်လုပ် လျက်ရှိ ရာ ရောင်းချမည့်ဈေးနှုန်း များကို အ တည်ပြုခြင်း မရှိသေးသော်လည်းအမေရိကန်ဒေါ်လာ ၅ဝ ထက် မပိုသော ဈေးနှုန်းဖြင့် ရောင်းချဖွယ်ရှိကြောင်း ခန့်မှန်း ထား သည်။

No comments: