မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 20, 2016
အရွယ်အစား ကြီးမားသည့်ဘက်ထရီ ပါဝင်သော မိုဘိုင်းလ်ဖုန်း မော်ဒယ်လ်သစ် Huawei မိတ်ဆက်
အရွယ်အစား ကြီးမားသည့်ဘက်ထရီ ပါဝင်သော မိုဘိုင်းလ်ဖုန်း မော်ဒယ်လ်သစ် Huawei မိတ်ဆက်
Huawei ကုမ္ပဏီသည် အရွယ်အစား ကြီးမားသော ဘက်ထရီပါဝင်သည့် မိုဘိုင်းလ်ဖုန်း မော်ဒယ်လ်သစ်ဖြစ်သော Y6 ကို ကုမ္ပဏီ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် တရားဝင်မိတ်ဆက်ခဲ့ကြောင်း ndtv သတင်းဌာနမှ ဖော်ပြထားသည်။
Y6 တွင် 4000 mAh ဘက်ထရီကို ထည့်သွင်းထားခြင်းဖြစ်ပြီး ၃၉ နာရီဆက်တိုက် ဖုန်းပြောနိုင်မည်ဖြစ်သည်။ ထို့ပြင် Smart Power Saving Mode ကို အသုံးပြုကာ ဘက်ထရီ ၁ဝ ရာခိုင်နှုန်းသာ ကျန်ရှိချိန်တွင် ၂၄ နာရီ အသုံးပြုနိုင်မည့် လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားသည်။
ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ကာ Android OS 5.1 ကို ထည့်သွင်းပေးထားသည်။ 720x1280 Resolution ဖြင့် ပုံရိပ်များကို ဖော်ပြနိုင်မည့် Display ပါရှိလာမည်ဖြစ်ကာ 1.3 Quad-core Media Tek Processor တပ်ဆင်ပေးထားသည်။ RAM 2GB နှင့် အတူ Builtin Storage 16 GB ပါရှိမည်ဖြစ်သည်။ သို့သော် Micro SD Port ပါဝင်ခြင်း မရှိသောကြောင Storageကို မြှင့်တင်နိုင်မည်မဟုတ်ပေ။ နောက်ကင်မရာတွင် LED Flash ပါဝင်ပြီး 13 MP အရည်အသွေးရှိသော ကင်မရာဖြစ်သည်။ ရှေ့ကင်မရာမှာ 5MP အရည်အသွေး ရှိသော ကင်မရာဖြစ်သည်။ 4G စနစ် အသုံးပြုနိုင်ရန် အထောက်အပံ့ပေးထားပြီး အလေးချိန်မှာ ၁၆ဝ ဂရမ်သာ ရှိမည်ဖြစ်သောကြောင့် ပေါ့ပါးသည့် မိုဘိုင်းလ်ဖုန်း အမျိုးအစား တစ်ခုဖြစ်လာမည်ဖြစ်သည်။
Huawei သည် Y6 ၏ ရောင်းဈေးကို တရားဝင်အတည်ပြုခြင်း မရှိခဲ့သော်လည်း တန်ဖိုးသင့် မိုဘိုင်းလ်ဖုန်း အဖြစ် ရောင်းချဖွယ်ရှိသောကြောင့် အမေရိကန်ဒေါ်လာ ၂ဝဝ ဝန်းကျင်ခန့်ဖြင့် ရောင်းချရန်ရှိကြောင်း ခန့်မှန်းထားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment