မဲပေးခွင့် ရှိသူ ၃၄သန်း ရှိတယ် ...
NLD ကို မဲပေးသူ ၁၂ သန်း ရှိတယ် ...
NLD မဟုတ်သော ...
အခြားပါတီများကို မဲပေးသူ ၁၁သန်း ရှိတယ် ...
ဘယ်ပါတီကိုမှ မဲမပေးသူ ၁၀ သန်းရှိတယ် ...
ဒီအထိက အချက်အလက် ...
ဒါကို ဘယ်သူမှ ငြင်းလို့ မရဘူး ...
=====================
ကောင်းပြီ ...
ဒါဆို NLD ရဲ့  ဆန္ဒဟာ လူ၁၂သန်း ရဲ့ ဆန္ဒသာ ဖြစ်ပြီး ....
ကျန်တဲ့  လူ ၁၁ သန်းရဲ့  ဆန္ဒ မဟုတ်ဘူး ....
တစ်ခါ ....
ဘယ်သူ့ ကိုမှ မဲမပေးခဲ့တဲ့  လူဆယ်သန်းကတော့ ....
သူ့ လုပ်ရပ် မှန်ရင် ထောက်ခံမယ် ...
မှားရင် ကန့် ကွက်မယ် ...
ဒါမှမဟုတ် ....
ဘယ်သူ ဘာလုပ်လုပ် စိတ်ကို မ၀င်စားဘူး ....
ဒါက ကျွန်တော့် ကောက်ချက် ...
လက်မခံလဲ ရတယ်နော် ...
အတင်းလက်ခံစရာ မလိုဘူး ...
ကိုယ့် အယူအဆ နဲ့  ကိုယ်ပဲ .......
==============================
အဲဒီတော့ ....
ပြည်သူ ၁၂ သန်း၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၁၂ သန်းပါတီ NLD ဆိုရင် ပိုမှန်မလား ?
သေချာတာကတော့ ....
လူ ၂၂ သန်းဟာ NLD ကို မဲ မပေးခဲ့ဘူး ..... ။
=================
မှတ်ချက် ။ ၂၀၁၅ ရွေးကောက်ပွဲဟာ ...
လွတ်လပ်ပြီး တရားမျှတတယ်လို့  ...
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့  ..
ရွေးကောက်ပွဲကို စောင့်ကြည့်ကြတဲ့  ပြင်ပအဖွဲ့ အစည်းတွေ ...
ကိုယ်တိုင် ထုတ်ပြောခဲ့ကြတယ် ။
ရဲမိုး
No comments:
Post a Comment