Friday, February 19, 2016
ပျင်းပျင်းရှိတာနဲ့  Google ကို မွှေမိပါတယ် ... လွှတ်တော်က သင်တန်း နည်းပြတွေက .... ဘယ်သူတွေ များလဲပေါ့ ....
ပျင်းပျင်းရှိတာနဲ့  Google ကို မွှေမိပါတယ် ...
လွှတ်တော်က သင်တန်း နည်းပြတွေက ....
ဘယ်သူတွေ များလဲပေါ့ ....
နည်းပြတွေထဲမှာ ....
ဟောင်ကောင်က ...
သင်တန်းနည်းပြ အမတ်ကြီးက ခေသူမဟုတ် ....
ဟိုတုန်းက ဟောင်ကောင်သတင်းစာတွေမှာ ...
နာမည်ကျော် ဖြစ်ခဲ့သမို့  ....
အနည်းငယ် မျက်လုံးပြူးရပါတယ် ...
အသက် ၄၀ ပြည့် မွေးနေ့ မှာ ...
မဂ္ဂဇင်း နှစ်ခုရဲ့ ကာဘာကို ...
ကိုယ်တုံးလုံး ရိုက်ခဲ့သူ ဖြစ်ပါသတဲ့  ....
အဲဒီ အမှုကြောင့် ပဲ ...
Law Society of Hong Kong ကနေ ...
Young Lawyer Group ကနေလဲ ...
ဖယ်ရှားခံခဲ့ရပါသတဲ့  ....
ဟောင်ကောင် ဥပဒေ အသိုင်းအ၀ိုင်းမှာလဲ ...
အုတ်အော်သောင်းနင်း ဖြစ်ခဲ့ဖူးပါသတဲ့ 
တကယ့် ဆယ်လီဖရစ်တီတွေပါပဲ ...
အပြစ်တင်တာ ဝေဖန်တာ မဟုတ်ဘူးနော် ...
အပြုသဘောဆောင်ပြီး ...
ကျွန်တော် ရှာတွေ့ တာလေး ပြောပြတာ ...
:) :) :) :) :)
https://en.wikipedia.org/wiki/Paul_Tse
http://www.scmp.com/article/629754/lawyer-fails-overturn-ban-posing-nude
No comments: