မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 22, 2016
မေးခွန်းလွှာပေါက်ကြားမှုကြောင့် ကျောင်းအုပ်တစ်ဦးအပါအဝင် ဆရာ၊ ဆရာမ လေးဦးကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် အရေးယူ
မေးခွန်းလွှာပေါက်ကြားမှုကြောင့် ကျောင်းအုပ်တစ်ဦးအပါအဝင် ဆရာ၊ ဆရာမ လေးဦးကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် အရေးယူ
Monday, February 22, 2016
မကွေးတိုင်းဒေသကြီးအ တွင်း မေးခွန်းလွှာ ကြိုတင်ပေါက် ကြားခဲ့ခြင်းနှင့် ပတ်သက်၍ ချောက်မြို့နယ်မှ မူလွန်ကျောင်း အုပ်တစ်ဦးအပါအဝင် ဆရာ၊ ဆ ရာမလေးဦးကို ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေအရ အမှုဖွင့်အရေး ယူထားကြောင်း မကွေးခရိုင် ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီးအ တွင်း ကျောင်းပြင်ပစစ် စာမေးပွဲ စနစ်ဖြင့် ဖြေဆိုရမည့်စတုတ္ထတန်း နှင့် အဋ္ဌမတန်း အတန်းတင်စာ မေးပွဲမေးခွန်းလွှာ ကြိုတင်ပေါက် ကြားခဲ့ခြင်းနှင့်ပတ်သက်၍ ချောက်မြို့နယ်မှ ဆရာသုံးဦးနှင့် ဆရာမတစ်ဦးကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း မကွေးခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမင်း ဟန်က ပြောသည်။
‘‘မကွေးတိုင်းဒေသကြီးမှာ အဋ္ဌမတန်းနဲ့ စတုတ္ထတန်းစာမေး ပွဲမေးခွန်းပေါက်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ မှန်တဲ့အတွက် ကြောင့် မကွေးတိုင်းဒေသကြီးအ စိုးရရဲ့တာဝန်ပေးချက်အရ စစ် ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ မကွေးမြို့မှာရှိတဲ့ ထိပ်တန်းမိတ္တူကူးဆိုင် ကို စစ်ဆေးတဲ့အခါ အဋ္ဌမတန်း နှင့် စတုတ္ထတန်းမေးခွန်းတွေ တွေ့ပါတယ်။ အဲဒီကနေ ဆင့်ကဲဆင့် ကဲ ကွင်းဆက်တွေလိုက်တော့ ချောက်မြို့နယ် မူလွန်ကျောင်းက လို့ သိရပြီး စစ်ဆေးပေါ်ပေါက်ခဲ့ လို့ အခု ချောက်မြို့နယ်မှာရှိတဲ့ ဆရာသုံးဦး၊ ဆရာမတစ်ဦးကို တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်’’ဟု ဒုရဲမှူးကြီး မင်းဟန်က ပြော သည်။
မကွေးမြို့ပေါ်ရှိ ထိပ်တန်း မိတ္တူဆိုင်နှင့် ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်းဆရာမ တစ်ဦးအား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆင့်ကဲကွင်းဆက်များအရ စစ်ဆေးဆောင်ရွက်ခဲ့ကာ သက်ဆိုင်ရာ ပညာရေးဝန်ကြီး ဌာနကလည်း ဆက်လက်စစ်ဆေးနေကြောင်း ၎င်းက ဆက်လက် ပြောသည်။
ချောက်မြို့နယ် မူလွန် ကျောင်းမှ ဆရာသုံးဦးနှင့် ဆရာမ တစ်ဦးကို ချောက်မြို့နယ် မြို့မ ရဲစခန်းတွင် ပုဒ်မ ၅(၁)(က)(ဂ)နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ အရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ သိရ သည်။
‘‘မကွေးမှာ အခြေခံပညာဦး စီးက ညွှန်ကြားရေးမှူးချုပ်ဒေါက် တာဇော်ဝင်းကိုယ်တိုင်သွားပြီး တော့ စစ်ဆေးနေတယ်။ အသေး စိတ်တော့ ဘာမှမသိရသေးဘူး’’ ဟု အခြေခံပညာဦးစီးဌာနမှ အ ဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးပညာရေး မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။ မကွေးတိုင်းဒေသကြီးအ တွင်း ဖြေဆိုရသည့် စတုတ္ထတန်း နှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲတွင် မြန်မာစာမှစတင်၍ သမိုင်း ဘာသာမေးခွန်းလွှာများအထိ စာ မေးပွဲဖြေဆိုချိန်မတိုင်မီ မေးခွန်း များကြိုတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး ပထဝီဝင်နှင့် သမိုင်းမေးခွန်းလွှာမှာ မဖြေဆိုမီ တစ်ရက်အလိုတွင် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ များပေါ် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။
ကျောင်းပြင်ပစစ် စာမေးပွဲ စနစ်ဖြင့် ဖြေဆိုရသည့်စတုတ္ထ တန်းနှင့် အဋ္ဌမတန်းအတန်းတင် စာမေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက် မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့ ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့၌ မေးခွန်းလွှာကြိုတင် ပေါက်ကြားခြင်းနှင့် စာလုံးပေါင်း သတ်ပုံမှားယွင်းခြင်းတို့ ဖြစ်ပွားခဲ့ ၍ ဝေဖန်မှု များ မြင့်တက်ခဲ့သည်။
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment