မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 22, 2016
ဒေသကိုးခုတွင် မတ်လအထိ မြူများထူထပ်စွာ ကျဆင်းနိုင် နိုင်ငံတစ်ဝန်း အပူချိန်များ ဆက်တိုက် မြင့်တက်
ဒေသကိုးခုတွင် မတ်လအထိ မြူများထူထပ်စွာ ကျဆင်းနိုင်
နိုင်ငံတစ်ဝန်း အပူချိန်များ ဆက်တိုက် မြင့်တက်
Monday, February 22, 2016
မြန်မာနိုင်ငံဒေသအနှံ့ အပူချိန်များတိုးလာနေပြီး ဒေသ ကိုးခုတွင် နံနက်ပိုင်းမြူများထူထပ်စွာကျဆင်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက သတိပေးသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်းနှင့်ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နံနက်ပိုင်း၌ မြူများကျဆင်းနိုင်ကြောင်း ၎င်းကသတိပေးခြင်းဖြစ်သည်။
‘‘နေ့အပူချိန်တွေတိုးလာ တာနဲ့အမျှ လေထုထဲ စိုထိုင်းစ များလာပြီး မြူကျတာ။ မတ်လ လယ်လောက်အထိ မြူက ကျနိုင် တယ်။ နေ့တိုင်းတော့မဟုတ်ဘူး။ မြူထူထူကျရင်တော့ ရေကြောင်း နဲ့လေကြောင်းခရီးစဉ်တွေ သတိ ရှိဖို့လိုတယ်။ မော်တော်ယာဉ်တွေ ကအစ မနက်ခင်းပိုင်း မြူထူထူ ကျပြီဆို သတိထားဖို့လိုတယ်’’ဟု ဦးကျော်မိုးဦးကပြောသည်။
ဖေဖော်ဝါရီ ၂၁ရက်တိုင်း တာချက်များအရ မြန်မာနိုင်ငံဒေ သအနှံ့တွင် နေ့အပူချိန်ရော ည အပူချိန်ပါ အနည်းငယ်မြင့်တက် လာခဲ့ပြီး ရှမ်းပြည်နယ် နမ့်စန်မြို့ နှင့် မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်မြို့၌ ပုံမှန်ထက်အပူချိန် မြင့်မားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment