မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 22, 2016
ယခုပညာသင်နှစ်တွင် တက္ကသိုလ်လေ့ကျင့်ရေးသင်တန်းများ၌ သင်တန်းသားသုံးထောင်ခန့် တက်ရောက်
ယခုပညာသင်နှစ်တွင် တက္ကသိုလ်လေ့ကျင့်ရေးသင်တန်းများ၌ သင်တန်းသားသုံးထောင်ခန့် တက်ရောက်
Monday, February 22, 2016
ယခု ၂၀၁၅-၁၆ ပညာ သင်နှစ်၌ တက္ကသိုလ်လေ့ကျင့် ရေးသင်တန်းများတွင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် တောင် ကြီးမြို့များရှိ တက္ကသိုလ်များမှ တက်ရောက်နေသည့် သင်တန်း သား ၂,၉၀၀ ကျော်ရှိကြောင်း သတင်းရရှိသည်။
တက္ကသိုလ်လေ့ကျင့်ရေး သင်တန်းများဖြစ်သည့် ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိ ယနှစ် အခြေခံစစ်ပညာသင်တန်း နှင့် ပထမနှစ် တန်းမြင့်စစ်ပညာ သင်တန်းများကို ရန်ကုန်၊ မန္တ လေး၊ မော်လမြိုင်နှင့် တောင်ကြီး မြို့များရှိ တက္ကသိုလ်များ၌ ဖေ ဖော်ဝါရီ ၈ ရက်ကစတင်၍ ဖွင့် လှစ်သင်ကြားပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်သင် တန်းများတွင် ယခင်ကတက္ကသိုလ် ကျောင်းဆရာနှင့် ကျောင်းသား များသာ လေ့ကျင့်သင်ကြားပေးခဲ့သော်လည်း ယခုနှစ်၌တက္ကသိုလ်ဆရာမနှင့် ကျောင်းသူများပါ လက်ခံ သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။
တက္ကသိုလ်လေ့ကျင့်ရေး သင်တန်းကာလတွင် သက်ဆိုင် ရာသင်ရိုးညွှန်းတမ်းအလိုက် စစ် ရေးပြသင်ခန်းစာကို သင်ကြား လျက်ရှိကာ ထပ်မံ၍ လက်နက် ငယ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်း ကျင်မှု၊ စစ်နည်းဗျူဟာ၊ အုပ်ချုပ် မှု၊ စက်ပစ်ကွင်းပစ်ခတ်စဉ်၊ အနီး ကပ်တိုက်နည်း၊ စစ်မြေပြင် အင် ဂျင်နီယာ၊ ကျန်းမာရေးနှင့် ရှေး ဦးသူနာပြု စသည့်သင်ခန်းစာ များကို သင်တန်းအမျိုးအစားအ လိုက် သာမန်အချိန်နှင့် စခန်းချ ကာလဟူ၍ ခွဲခြားလေ့ကျင့်သင် ကြားပေးမည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါတက္ကသိုလ်လေ့ကျင့် ရေးသင်တန်း တက်ရောက်ရန် အမှတ် (၁)တက္ကသိုလ် လေ့ကျင့် ရေးတပ် (ရန်ကုန်)၊ အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် (မန္တလေး)၊အမှတ်(၃) တက္ကသိုလ် လေ့ကျင့်ရေးတပ် (မော်လမြိုင်) နှင့် အမှတ်(၄) တက္ကသိုလ်လေ့ ကျင့်ရေးတပ် (တောင်ကြီး)တို့မှ တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ အား လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
‘‘တက္ကသိုလ်လေ့ကျင့်ရေး သင်တန်းမှာ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံကပါတယ်။ ဆရာ၊ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေက လှော်ကား မှာရှိတဲ့ တပ်ရင်းတစ်ခုမှာ လေ့ ကျင့်ရေးဆင်းရတယ်။ မနှစ်က ဆရာနဲ့ ကျောင်းသားပဲခေါ်တာ။ ဒီနှစ်မှ ဆရာမနဲ့ ကျောင်းသူတွေ ပါ ခေါ်ပြီး သင်တန်းပေးတာ’’ဟု ရန်ကုန်တက္ကသိုလ်ဒုတိယပါမော က္ခ ဒေါက်တာကျော်နိုင်ကပြော သည်။
အဆိုပါသင်တန်းကိုရန်ကုန် မြို့မှ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ နိုင်ငံခြား ဘာသာတက္ကသိုလ်(ရန်ကုန်)၊ ပညာရေးတက္ကသိုလ်၊ ဒဂုံတက္က သိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ အ နောက်ပိုင်းတက္ကသိုလ်နှင့် နည်း ပညာတက္ကသိုလ်(သန်လျင်)၊ မန္တလေးမြို့မှ မန္တလေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ် (မန္တ လေး)၊ မန္တလာကောလိပ်၊ ရတ နာပုံတက္ကသိုလ်နှင့် ကျောက် ဆည်တက္ကသိုလ်၊ မော်လမြိုင်မြို့ မှ မော်လမြိုင်တက္ကသိုလ်၊တောင် ကြီးမြို့မှ တောင်ကြီးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (တောင် ကြီး)နှင့် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)မှ ဆရာ၊ ဆရာမ များ၊ ကျောင်းသူ၊ ကျောင်းသား များ တက်ရောက်လျက်ရှိသည်။
တက္ကသိုလ်လေ့ကျင့်ရေး တပ်များကို နိုင်ငံ၏ ပြည်သူ့စစ် မဟာဗျူဟာကျင့်သုံးနည်းကိုနား လည်ရန်နှင့် တက္ကသိုလ်ကျောင်း သူ၊ ကျောင်းသားများ နိုင်ငံတော် ကာကွယ်ရေးသည် နိုင်ငံသား တိုင်းတွင် တာဝန်ရှိသည်ဟူသည့် စိတ်ဓာတ်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ရန်ကုန်တက္ကသိုလ် တွင် ၁၉၂၂ က စတင်ဖွဲ့စည်းခဲ့ ပြီး ၁၉၈၇ က ရပ်နားခဲ့ကာ ၂၀၁၂-၁၃ ပညာသင်နှစ်၌ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။
တက္ကသိုလ်လေ့ကျင့်ရေးသင်တန်းသူများကို သင်တန်းပေးနေစဉ် (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment