ဦးဝင်းမြင့်ဆိုတာ .....
=========================
ရန်ကုန်မှာ တိုက်ခန်းငှါးနေတယ်၊ စစ်ထောက်လှမ်းရေးက အိမ်ရှင်ကို ပြဿနာ
ရှာတော့ သူလည်းမထားရဲ မောင်းချတယ်။ ဟိုပြေးဒီပြေးနဲ့၊ နောက်ဆုံး တစ်ဦးတည်း
ကျန်တဲ့သမီးလေးကိုပါ ဒုက္ခရောက်မှာဆိုးလို့ ပြည်ပမှာ သွားအလုပ်လုပ်ခိုင်းပြီး
သားသမီးနဲ့ပါ ခွဲနေခဲ့ရတယ်။ ကြားဖြတ်မှာ အမတ်ဖြစ်တော့မှ ပြန်လာခဲ့ရတာ။
အဲ့လို ဘဝတွေကြမ်းခဲ့ရတယ်။
ဓနုဖြူကဆန်စက်ပိုင်ရှင်သမီး...။ နိုင်ငံရေးသမားဦးဝင်းမြင်နဲ့ ရေစက်ပါပြီး စက်လဲကုန်၊ အိမ်ပါရောင်းပြီး ကြမ်းတမ်းတဲ့ဘဝကို ချို့ချို့တဲ့တဲ့နဲ့ အပြုံးမပျက် အန်ကယ့်ဘေးမှာမြဲမြဲရပ်၊ အားပေးခဲ့တယ်။ ပါရမီဖြည့်ဖက်စစ်စစ်။
သိပ်ချစ်ရတဲ့သားငယ် ဆုံးတော့ လင်ယောက်ျားက ထောင်ထဲမှာ။ ယောကျာ်းလုပ်သူကလဲ အဲ့အချိန်ထောက်လှမ်းရေးက ဦးဝင်မြင့်...ခင်ဗျားသားဆေးရုံမှာ အသည်းအသန်ဖြစ်နေတယ်၊ ခင်ဗျားသွားတွေ့မလား လွှတ်ပေးမယ်၊ဒါပေမဲ့ လက်မှတ်တော့ထိုးရမယ်၊ နောက်နိုင်ငံရေးဘယ်တော့မှ မလုပ်ရတော့ဘူးဆိုတော့ ခေါင်းခါခဲ့တယ်။ အသုဘတောင်လိုက်မပို့ခဲ့ရဘူး။
ရန်ကုန်မှာ တိုက်ခန်းငှါးနေတယ်၊ စစ်ထောက်လှမ်းရေးက အိမ်ရှင်ကို ပြဿနာရှာတော့ သူလည်းမထားရဲ မောင်းချတယ်။ ဟိုပြေးဒီပြေးနဲ့၊ နောက်ဆုံး တစ်ဦးတည်းကျန်တဲ့သမီးလေးကိုပါ ဒုက္ခရောက်မှာဆိုးလို့ ပြည်ပမှာ သွားအလုပ်လုပ်ခိုင်းပြီး သားသမီးနဲ့ပါ ခွဲနေခဲ့ရတယ်။ ကြားဖြတ်မှာ အမတ်ဖြစ်တော့မှ ပြန်လာခဲ့ရတာ။ အဲ့လို ဘဝတွေကြမ်းခဲ့ရတယ်။
ခုတော့ အေးချမ်းပါပြီ...အန်တီချိုရေ....။ ဒါတောင် ခုအန်ကယ်က တာဝန်ကြီးလာပြီဆိုတော့ အနားမှာနေပြီး အန်ကယ်မအိပ်မချင်း အလုပ်လုပ်နေသရွေ့ အနားကနေ ယပ်ခပ်ပေးရမဲ့ ဘဝက ကျွတ်မှာမဟုတ်။
No comments:
Post a Comment