ဖားကန့် ကျောက်စိမ်းတွင်း သတင်း . . .
၂၁.၂.၂၀၁၆ နေ့ မွန်းလွဲ ၂:၃၀ချိန့်ခန့်တွင် မော်လကင်မှော် တွင် ရှိသည့် အဲဗားဝင်းနား လုပ်ကွက် မြေပြိုကျမှု ဖြစ်ပွားခဲ့သည် ။
လုပ်ငန်းလုပ်ချိန်ဖြစ်သည့် အတွက် ထိခိုက်မှုမိားပြားနိုင်သည်ဟု ရွာသားများက ခန့်မှန်းပြောဆို နေကြပါသည် ။ ကုမ္မဏီ ကြီးကြပ်အားမေးမြန်းကြည့် ရာ ထိခိုက်မှုသိပ်မရှိဘူးဟု ပြောခဲ့ပါသည် ။“ ကျနော်တို့က ဒီကမ်းပါးပြိုမယ်ဆိုတာ သိတယ် ဒါကြောင့် ကြိုပြီး ရှောင်ထားတာဗျ ။ ကျောက်မျက်ကုမ္မဏီ အများစုသည် သက်သေမပြနိုင်လျှင် ယခုကဲ့သို့ ခေါင်းရှောင်တာများသည်ဟု မှော်ကြာတစ်ဦးမှ သူ၏ အတွေ့အကြုံများကို ပြောပြပါသည် ။ “ကုမ္မဏီက မြန်မာအလုပ်သမားတွေ သတ်တာမနည်းတော့ဘူး ။လုပ်ငန်းခွင်မှာ သေရင် မှတ်ပုံတင် ပါ မီးရှို့ပြီး အကုန်လုံး အစဖျောက်ပစ်တာ ။ ဒီမှာနေတဲ့ ဌာနဆိုင်ရာ ဆိုတာ သူတို့ ခိုင်းဖတ်တွေလေ ။ဘယ်လိုလုပ် အရေးယူရဲမလဲ ”
ကျောက်မျက် ကုမ္မဏီများသည် အချိန်တို အတွင်း ရနိုင်သလောက် အချိန်လု လုပ်နေကြပြီး တောင်ဖြိုမိုင်းများ အသုံးပြုမှုကြောင့် ကမ်းပါး တော်တော်များများ အက်ကွဲနေကြောင်း အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပြပါသည် ။
ရေမဆေးများကို ရှာခွင့်ပြုထားသည့်အချိန်ဖြစ်လျှင် ထောင်ချီ သေဆုံးနိုင်သည်ဟု ၎င်း မှဆက်လက်ပြောကြားခဲ့ပါသည် ။
ဇော်မိုးထက် (၂၁.၂.၂၀၁၆ )
No comments:
Post a Comment