မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 20, 2016
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
++++++++++++++++++++++++++++++++++++
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း(Combined Fleet Exercise)ဆောင်ရွက်ရန်အတွက် သတိပေး ချက်ထုတ်ပြန်
(Unicode Version)
ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း(Combined Fleet Exercise)ဆောင်ရွက်ရန်အတွက် သတိပေး ချက်ထုတ်ပြန်
နေပြည်တော် ဖေဖော်ဝါရီ ၁၉
တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှမတ်လ ၂ ရက်နေ့ အတွင်း ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းများအား ကိုကိုးကျွန်းရေပြင်တွင် လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအားသတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းမရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် အသိပေးကြေညာအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment