မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 16, 2016
"ထိုင်းနိုင်ငံတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုကြောင့် မြန်မာလုပ်သား ၆ ဦး သေဆုံး"
"ထိုင်းနိုင်ငံတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုကြောင့် မြန်မာလုပ်သား ၆ ဦး သေဆုံး"
Tuesday, February 16, 2016
မြန်မာလုပ်သားများအများစု လိုက်ပါလာသည့် ထိုင်းနိုင်ငံ မဲဆောက်သို့ လာသော နှစ်ထပ်ခရီးသည်တင်ယာဉ်ကား ယာဉ်တိုက်မှုဖြစ်၍
ခြောက်ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၆) ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ တာ့ခရိုင်မှ
မဲဆောက်မြို့မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်သည် ကဖင်ဖက်မြို့ အနီးတွင် ကုန်တင်ကားတစ်စီးဖြင့် တိုက်မိခြင်းဖြစ်ကြောင်း
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာဦးကျော်သောင်းက
ပြောသည်။ "တာ့ခရိုင်က လူဝင်မှုကြီးကြပ်ရေး လှမ်းမေးတော့ ကားမှောက်တာ ဟုတ်တယ်။ မြန်မာတွေအများစု လိုက်ပါလာတယ်လို့
ပြောတယ်။ ယာဉ်မောင်းအပါအဝင် ခြောက်ယောက်သေတာ။
အဲဒီထဲမှာ မြန်မာတွေပါတယ်။ သေတဲ့သူတွေအကုန်လုံး မြန်မာဟုတ် မဟုတ်တော့ အတည်ပြုဆဲပဲလို့ ပြောပါတယ်" ဟု ဦးကျော်သောင်းက
ပြောသည်။ ဒဏ်ရာရှိသူ ၃၀ကျော်အနက် ၁၃ ဦးသည် ဒဏ်ရာများ
ပြင်းထန်စွာရရှိသောကြောင့် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။ ဒဏ်ရာရရှိသူများကို ကဖင်ဖက်ဆေးရုံတွင် ဆေးကုသမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ဓါတ်ပုံ - Social Action for Women - SAW
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment