မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, February 7, 2016
။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပါလီမန် ဒီမိုကရေစီ စနစ်ကို အခြေခံသော ဥပဒေဖြစ်ပါသည်။ ပါလီမန်ဒီမိုကရေစီ စနစ်တွင် ဝန်ကြီးချုပ်သည် အစိုးရ၏ အကြီးအကဲ ဖြစ်သကဲ့သို့ အစိုးရဖွဲ့သည့် ပါတီ၏ အကြီးအကဲလည်း ဖြစ်ပါသည်။
၁။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပါလီမန် ဒီမိုကရေစီ စနစ်ကို အခြေခံသော ဥပဒေဖြစ်ပါသည်။ ပါလီမန်ဒီမိုကရေစီ စနစ်တွင် ဝန်ကြီးချုပ်သည် အစိုးရ၏ အကြီးအကဲ ဖြစ်သကဲ့သို့ အစိုးရဖွဲ့သည့် ပါတီ၏ အကြီးအကဲလည်း ဖြစ်ပါသည်။
၂။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် သမ္မတ စနစ်ကို အခြေခံသည့် ဥပဒေ ဖြစ်ပါသည်။ သမ္မတ စနစ်တွင် သမ္မတသည် ပြည်သူမှ တိုက်ရိုက်ရွေးချယ်သည်ပုဂ္ဂိုလ် (သို့မဟုတ်) သမ္မတ ရွေးချယ်သည့် အစုအဖွဲ့ (Electoral College) မှ ရွေးချယ်တင်မြောက်သည့် စနစ်ဖြစ်ပါသည်။
၃။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၆ တွင် အောက်ပါ အတိုင်း ပြငှာန်းထားပါသည်။
(က) The Constitution of the Union of Burma, Article 116.
A member of the Government who for any period of six consecutive months is not a member of the Parliament shall at the expiration of that period cease to be a member of the Government.
(ခ) ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၁၆။
အစိုးရ အဖွဲ့ဝင် ဝန်ကြီး တဦးသည် ခြောက်လမျှ တဆက်တည်း ပါလီမန် မဟုတ်လျှင်၊ ထိုကာလ အပိုင်းအခြား ကုန်ဆုံးသောအခါ အစိုးရ အဖွဲ့ဝင် ဝန်ကြီး အဖြစ်မှ ရပ်စဲရမည်။
၎။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၁၁၆ အရ ဗိုလ်ချုပ်ကြီး နေဝင်း သည် အိမ်စောင့်အစိုးရ (၆) လ ပြည့်ပြီးသည့်နောက် နောက်ထပ် သက်တမ်း (၆) လတိုးရန် လွှတ်တော်တွင် ဆွေးနွေးသည့် အချိန်တွင် ဗိုလ်ချုပ်ကြီး နေဝင်းမှ ပုဒ်မ ၁၁၆ ကို မပြင်ဆင်ပါက ဆက်လက် မလုပ်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ဦးကျော်ငြိမ်း မှ ပုဒ်မ ၁၁၆ ကို ပြင်ဆင်ရန် အဆိုသွင်းခဲ့ပြီး ထောက်ခံမဲ ၃၀၄ မဲ၊ ကန့်ကွတ်မဲ ၂၉ မဲဖြင့် ပုဒ်မ ၁၁၆ ကို ပြင်ဆင်ခဲ့သည်။
၅။ ပုဒ်မ ၁၁၆ ကို ပြင်ဆင်ရာတွင် ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၇ အရ ပြင်ဆင်ခြင်း ဖြစ်သည်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၇ တွင် ပြဌာန်းထားသည်မှာ “ဤအခြေခံဥပဒေ ရှိပြဌာန်းချက် တခုခုကို ပြောင်းခြင်းဖြင့်သော်လည်း၎င်း၊ ဖြည့်ထည့်ခြင်းသော်၎င်း၊ ရုတ်သိမ်းခြင်းဖြင့် သော်၎င်း အောက်၌ ဖော်ပြ သတ်မှတ် ထားသော နည်းအတိုင်း ပြင်နိုင်သည်။
သုံးသပ်ချက်။
--------------
၁။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောဆိုနေသည့် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၁၁၆) အား ဆိုင်းငံ့ခဲ့သည် ဆိုသည့် စကားရပ်မှာ ၁၉၄၇ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၇ တွင် မရှိပါ။
၂။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တွင် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ (၁၁၆) ကဲ့သို့သော ပြဌာန်းချက်မရှိပါ။
၃။ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း (၁၂) တွင် ပြင်ဆင်လိုပါက ဆိုသည့် စကားရပ်သာ ပါရှိသည်။
သို့ဖြစ်ပါ၍ ပုဒ်မ ၅၉ (စ) ဖြစ်စေ၊ ပုဒ်မ ၄၃၆ ဖြစ်စေ၊ အခြားမည်သည့် ပုဒ်မ မျှ ဖြစ်စေ “ဆိုင်းငံ့” ခြင်းသည် ဥပဒေ နှင့် မညီသော လုပ်ရပ် ဖြစ်ပါသည်။
( Credit - Thaung Aye )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment